မူးယစ်ဆေးဝါးနဲ့ဝေးဝေးနေပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးထားဖို့ ပညာပေးဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တစ်ချိန်ကမော်ဒယ်ဖြစ်ခဲ့ဖူးတဲ့ ချီကောဟာအစ်ကိုဖန်ဆိုတဲ့သူနဲ့လက်ထပ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ကိုင်နေပါတယ်။ တစ်နေ့မှာတော့ တစ်ချိန်တုန်းကတက္ကသိုလ်မှာ ချီကောကိုပိုးပန်းဖူးတဲ့ကောင်လေးကချီကောနဲ့လမ်းမှာအမှတ်မထင်တွေ့ပြီး ချီကောကိုပြန်ပိုးပန်းဖို့ရာကြိုးစားပါတယ်။ ကောင်လေးရဲ့အထင်မှာ ချီကောက မူးယစ်ဆေးစွဲပြီး မတတ်သာလို့ အစ်ကိုဖန်နဲ့ပေါင်းဖက်နေရတယ်လို့ထင်ပေမယ့် တကယ်တော့ ချီကောနဲ့အစ်ကိုဖန်ရဲ့အချစ်ဇာတ်လမ်းကသူထင်တာထပ်ပိုပြီးခမ်းနားလှပပါတယ်။ ချီကောကိုမူးယစ်ဆေးဝဲဂယက်ထဲကနေဆွဲထုတ်ဖို့ ကောင်လေးကကြိုးစားရင်းနဲ့ အဲဒီဝဲဂယက်ထဲမှာနစ်မြောသွားတဲ့အခါဒီအပြန်လမ်းမရှိတဲ့လမ်းကို သူဘယ်လိုဆက်လျှောက်မလဲ......