ကမ္ဘာကျော်လူသတ်သမား Ted Bundy ရဲ့အကြောင်းကို တစ်ခြားသောရှုထောင့်တစ်ခု၊ အမြင်တစ်ခုနဲ့တွေ့မြင်ရမယ့်ဖြစ်ရပ်မှန်အခြေပြုဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ၁၉၈၀ပြည့်လွန်နှစ်တွေမှာ ဝါရှင်တန်၊ဂရင်းရစ်ဗား တစ်လျှောက် အမျိုးသမီးတွေကို ဆက်တိုက်သတ်ခဲ့တဲ့ "Green River Killer" (Gary Ridgway) ကိုဖမ်းဆီးဖို့ကြိုးစားတဲ့စုံထောက်နှစ်ယောက်အကြောင်းပါပဲ။ ဒေ့ဗ်နဲ့ ရောဘတ်ကက်ပယ်လ်တို့နှစ်ယောက် ရှေ့ဆက်အကြောင်းမထူးနိုင်တဲ့ ကွင်းဆက်လူသတ်မှုတွေနဲ့ပတ်သက်ပြီး အကြံအိုက်နေ၊ အထက်က ဖိအားတွေ၊ မီဒီယာနဲ့အများပြည်သူရဲ့ဖိအားတွေကြောင့် ပေါက်ကွဲထွက်လုနီးချိန်မှာ သေဒဏ်ကျခံဖို့စောင့်နေတဲ့ Ted Bundy ကနေ လူသတ်သမားတစ်ယောက်ရဲ့ စဉ်းစားတွေးခေါ်ပုံ၊ စိတ်ရဲ့အလုပ်လုပ်ပုံတွေကို နားလည်တဲ့အတွက်Green River Killer လူသတ်မှုတွေအပေါ် တိုင်ပင်အကြံပေးလို့ရတယ်လို့ ကမ်းလှမ်းလာခဲ့ပါတယ်။ဒေ့ဗ်တို့နှစ်ယောက်က အစပိုင်းမှာ လက်မခံချင်ပေမယ့် ဘက်ပေါင်းစုံက အကြောင်းတရားတွေကြောင့်မဖြစ်မနေ လက်ခံလိုက်ရရင်း Ted Bundy နဲ့အတူလက်ရှိဖြစ်ပေါ်နေတဲ့လူသတ်မှုတွေအကြောင်း တိုင်ပင်ဆွေးနွေးရင်း Ted Bundy ကိုယ်တိုင်ကျူးလွန်ခဲ့တယ်လို့သံသယရှိနေပြီး ဝန်ခံမထားတဲ့ လူသတ်မှုတွေအကြောင်းကိုပါစုံစမ်းဖော်ထုတ်ကြပုံကိုရှုစားရမယ့် စိတ်ပညာတိုက်ပွဲတစ်ခုအကြောင်း Crime/Drama ကားကောင်းတစ်ကားပါ။