The Highest Stakes HD

The Highest Stakes

Thriller HD 2026-04-14 5.875 101 Min

အခန်းကျဉ်းလေးတစ်ခုထဲမှာတင် လူတစ်စုပိုကာ ကစားကြရင်း အသက်တွေကိုပါ လောင်းကြေးတင်လာကြတဲ့ Locked-room Mystery  Thriller ကားမျိုးဖြစ်ပါတယ်။ဇာတ်လမ်းကတော့ တစ်ယောက်နဲ့တစ်ယောက် မသိကြတဲ့ သူစိမ်း ၅ ယောက်ဟာ ငွေကြေးပမာဏ အမြောက်အမြားနဲ့ ကစားရမယ့် High-stakes ပိုကာကစားပွဲတစ်ခုကို ဖိတ်ကြားခြင်းခံရရာက စတင်ပါတယ်။ အစပိုင်းမှာတော့ ဒါဟာ သာမန် လောင်းကစားဝိုင်းတစ်ခုလိုပဲ ထင်ရပေမဲ့ ညဉ့်နက်လာတာနဲ့အမျှ ကစားပွဲရဲ့ စည်းမျဉ်းတွေက ထူးဆန်းလာပါတယ်။ကစားသမား တစ်ယောက်ချင်းစီရဲ့ အတိတ်က ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေနဲ့ အမှားတွေဟာ ဖဲချပ်တွေနဲ့အတူ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာတဲ့အခါမှာတော့ ဒါဟာ ငွေနိုင်ဖို့ကစားနေတာ မဟုတ်တော့ဘဲ မိမိရဲ့ အသက်ကို ရင်းပြီး ကစားနေရတာမှန်း သူတို့ သိလိုက်ရပါတော့တယ်။ အခန်းပိတ်ထဲမှာ တစ်ယောက်ကိုတစ်ယောက် မယုံကြည်နိုင်တော့တဲ့ သံသယတွေ၊ စိတ်ပညာဆိုင်ရာ တိုက်ခိုက်မှုတွေနဲ့အတူ ဘယ်သူက နောက်ဆုံးအထိ အသက်ရှင် ကျန်ရစ်မလဲဆိုတာကိုရိုက်ပြထားတဲ့ဇာတ်လမ်းကောင်းလေးပါ။