Transformers လို စက်ရုပ်အက်ရှင်ကားတွေ၊ ဒါမှမဟုတ် ကမ္ဘာပျက်ကပ် (Doomsday) နောက်ခံ Sci-Fi ဇာတ်လမ်းမိုက်မိုက်တွေကို ကြိုက်နှစ်သက်သူတွေအတွက်Celestial Quest ရုပ်ရှင်ကတော့ အကြိုက်တွေ့စေမှာ အသေအချာပါပဲ။ ထူးခြားတာက ဒီကားဟာ သာမန်ရိုက်ကူးထားတာမဟုတ်ဘဲ AI နည်းပညာကို အပြည့်အဝသုံးပြီး ဖန်တီးထားတာပါဇာတ်လမ်းအကျဉ်းကတော့ - အနာဂတ်ကာလ စကြာဝဠာကြီးထဲမှာ ကမ္ဘာပျက်ကပ်ဆိုက်နေတဲ့ အချိန်ကာလတစ်ခုကို နောက်ခံထားပါတယ်။ လူသားတွေဟာ မျှော်လင့်ချက်မဲ့နေတဲ့ အချိန်မှာပဲ အင်အားကြီးမားလှတဲ့ ဂြိုဟ်သားစက်ရုပ် (Alien Mecha) တွေရဲ့ ခြိမ်းခြောက်တိုက်ခိုက်မှုနဲ့ ထပ်မံရင်ဆိုင်လိုက်ရပါတယ်။အသက်ရှင်သန်ရေးအတွက် ရုန်းကန်နေရတဲ့ လူသားတွေဟာ ဒီကြောက်မက်ဖွယ် စက်ရုပ်ကြီးတွေကို ရင်ဆိုင်ဖို့ နည်းလမ်းရှာဖွေရပါတော့တယ်။ ကောင်းကင်ဘုံကို မေးခွန်းထုတ်ရလောက်အောင် ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေတွေကြားထဲမှာ လူသားတွေဘက်ကရော ဘယ်လိုလျှို့ဝှက်လက်နက်တွေ၊ ဘယ်လိုဗျူဟာတွေနဲ့ပြန်လည်ခုခံကြမလဲမထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ လူသားတွေနဲ့ ဂြိုဟ်သားစက်ရုပ်တွေကြားက အကြိတ်အနယ် အသက်လုတိုက်ပွဲကြီးမှာ ဘယ်သူတွေကအဆုံးစွန်သော အောင်ပွဲကို ရယူသွားမလဲဆိုတာကိုတော့ ရုပ်ရှင်ရုံအဆင့်မီ အထူးပြုလုပ်ချက်တွေနဲ့ ဖန်တီးထားတဲ့ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်