The Mosaic Church HD

The Mosaic Church

Documentary HD 2025-02-28 6 83 Min

အစ္စရေးနိုင်ငံက နှစ်ပေါင်း ၂,၀၀၀ နီးပါး သက်တမ်းရှိတဲ့ အံ့ဖွယ်တွေ့ရှိမှုတစ်ခုအကြောင်းကို ကမ္ဘာကျော် စွန့်စားသွားလာသူ Bear Grylls က တင်ဆက် ရိုက်ကူးထားတာဖြစ်ပြီးသမိုင်းပညာရှင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအကြား အတော်လေး စိတ်ဝင်စားမှုကို ရရှိခဲ့တဲ့ Archaeological Documentary ကားကောင်းတစ်ကားဖြစ်ပါတယ်။ကမ္ဘာ့ထိပ်တန်း သမိုင်းပညာရှင်တွေ၊ ရှေးဟောင်းသုတေသန ပညာရှင်တွေရဲ့ ရှင်းလင်းချက်တွေ ပါဝင်လို့ ဗဟုသုတ အများကြီး ရရှိစေမယ့်လူသားသမိုင်း_ဘာသာရေးသမိုင်းမှတ်တမ်းရုပ်ရှင်တစ်ခုပါ။ဇာတ်လမ်းကတော့ ၂၀၀၄ ခုနှစ်မှာ အစ္စရေးနိုင်ငံ၊ Megiddo အရပ်က အကျဉ်းထောင်တစ်ခုကို ပြုပြင်မွမ်းမံရင်းနဲ့ မထင်မှတ်ဘဲ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းသုတေသနနယ်မြေတစ်ခုအကြောင်းပါ။ အဲဒီနေရာဟာ ကမ္ဘာ့ရှေးအကျဆုံး ခရစ်ယာန်ဝတ်ပြုရာနေရာ (Christian Worship Site) တစ်ခုဖြစ်နေတာကို တွေ့ရပါတယ်။ ဒီနေရာရဲ့ အထူးခြားဆုံးအချက်ကတော့ ကြမ်းပြင်မှာခင်းကျင်းထားတဲ့ Mosaic ကျောက်စီပန်းချီကားချပ်ပဲ ဖြစ်ပါတယ်။ အဲဒီပန်းချီကားပေါ်မှာ ယေရှုခရစ်တော်ကို "ဘုရားသခင်" (Jesus as God) အဖြစ် လူသိရှင်ကြား ပထမဆုံးအကြိမ် ကမ္ပည်းထိုး ရေးသားထားတာကို တွေ့ရှိခဲ့ရပါတယ်။ Bear Grylls နဲ့အတူနာမည်ကျော် ဓမ္မပညာရှင် N.T. Wright တို့က ဒီတွေ့ရှိမှုဟာ ခရစ်ယာန်သမိုင်းနဲ့ ယုံကြည်ခြင်းအတွက် ဘယ်လောက်အထိ အရေးပါသလဲဆိုတာကို နက်နက်နဲနဲ ရှာဖွေတင်ဆက်ထားပါတယ်။