ဒီဇာတ်လမ်းရဲ့အစကတော့ အဟာရချိုတဲ့နေတဲ့ ၄ နှစ်သားကလေးလေး Adam ကို ဆေးရုံမှာတင်ထားရပြီး သူနာပြုခေါင်းဆောင် Lucy ရဲ့ တာဝန်နဲ့ ပြုစုမှုအောက်မှာ ရှိနေခဲ့တယ်။ဒါပေမဲ့ Adam ရဲ့ အမေဖြစ်သူ Rebecca က တရားရုံးက အမိန့်ထုတ်ထားတဲ့ တွေ့ခွင့်ကန့်သတ်ချိန်ကို ကျော်ပြီး ကလေးရဲ့အနားကနေ ဘယ်တော့မှခွဲမနေတော့ Lucy တစ်ယောက်အကျပ်ရိုက်ပြီး ကလေးရဲ့ကျန်းမာရေးအတွက် မိခင်နဲ့ အတင်းခွဲရမလား ဒါမှမဟုတ် မိခင်ချင်းစာနာပြီး စည်းကမ်းကိုဖောက် ကူညီရမလားဆိုတဲ့ ဒွိဟနှစ်ခုကြား ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေချဖိုကြုံလာရပါတော့တယ်။