Tunnel HD

Tunnel

Drama Thriller HD 2016-08-10 7.289 126 Min

မော်တော်ကား အရောင်းကိုယ်စားလှယ် အီဂျောင်ဆူ (Ha Jung-Woo) ဟာ စာချုပ်ကြီးတစ်ခုကို ချုပ်ဆိုနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်စွာနဲ့ပဲ အိမ်အပြန်လမ်းဆီ ဦးတည်မောင်းနှင်လာနေစဉ် လမ်းခုလတ်မှာ ရုတ်တရက် ဥမင်လိုဏ်ခေါင်းက ပြိုကျသွားပြီး ဂျောင်ဆူလည်း ကွန်ကရစ် အပျက်အစီးတွေအောက်မှာ တစ်ယောက်တည်း ပိတ်မိသွားပါတော့တယ်။ အခုလက်ရှိ ဂျောင်ဆူရဲ့လက်ထဲမှာ ရှိတာကလည်း ဘက်ထရီ ၇၈ ရာခိုင်နှုန်းပဲ ကျန်တဲ့ ဖုန်း၊ ရေသန့်ဘူး ၂ ဘူးနဲ့ သမီးလေးအတွက် ဝယ်လာတဲ့ မွေးနေ့ကိတ်တစ်လုံးတည်းသာ...ကယ်ဆယ်ရေးလုပ်ငန်းစဉ်တွေက အရမ်း နှေးကွေးနေတာကြောင့် ဂျောင်ဆူကလည်း တောင့်ခံထားဖို့ ပိုပိုပြီး ခက်ခဲလာသလို အဲဒီအနီးအနားမှာရှိတဲ့ ဥမင်လိုဏ်ခေါင်းသစ် ဆောက်လုပ်ရေးကို ထိခိုက်စေတဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်သင့်၊ မသင့်ဆိုတဲ့အပေါ် လူထုအမြင်တွေ ကွဲပြားလာကြတဲ့အခါမှာတော့...တကယ်ပဲ အဆုံးမှာ ကယ်ဆယ်ရေးအဖွဲ့က ဂျောင်ဆူကို အသက်ရှင်လျက်နဲ့ ပြန်လည် ကယ်ဆယ်ရမိပါ့မလားဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။