စည်းကမ်းမဲ့စွန့်ပစ်မှုတွေကြောင့် ဖြစ်လာတဲ့ ကျန်းမာရေးပြဿနာတွေ၊ကျေးရွာလူကြီးတွေရဲ့ အဂတိလိုက်စားမှုတွေနဲ့ မူးယစ်ဂိုဏ်းတွေရဲ့ခြိမ်းခြောက်မှုကို ခံနေရတဲ့ ကျေးလက်နေလူ့အဖွဲ့အစည်းအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မလေယာလမ်ရုပ်ရှင်ကို တင်ဆက်ပေးလိုက်ပါတယ်။ပြဿနာပေါင်း သောင်းခြောက်ထောင်တက်နေတဲ့ ကျေးရွာလေးမှာဗီနာဆိုတဲ့ အမျိုးသမီးက မတရားမှုကိုခံနေရတဲ့ ကလေးငယ်တယောက်ကိုကယ်တင်ဖို့ ကြိုးစားရင်း၊ ရွာမှာဖြစ်ပျက်နေတဲ့ အဖြစ်အပျက်ဆိုးတွေကိုကာကွယ်ဖို့စနစ်ဆိုးတွေကိုလည်း တိုက်ထုတ်ဖို့ကြိုးစားပုံကို ကြည့်ရှုကြရမှာပါ။