ယောကျာ်းတစ်ယောက်က မိန်းမကို လက်သီးနဲ့စရွယ်လိုက်တဲ့အချိန်ကစပြီးတစ်ကြိမ်သည်းခံလိုက်ခြင်းဟာ တစ်ဘဝလုံးကို ဖျက်ဆီးလိုက်တာပဲ။ဖြစ်ရပ်မှန်ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။လေယာဉ်မယ်အိုးယန်ကျီဟဲ့ဟာ မိဘအတွက် သမီးကောင်း ကုမ္ပဏီအတွက်လည်းလုပ်ဖောင်ကိုင်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာသူမယောကျာ်းကို သတ်မိပြီဆိုပြီး သူမကိုယ်တိုင် ဝန်ခံခဲ့ပါတယ်။ထို့နောက် ရှေ့နေအကူအညီများကို ငြင်းခဲ့ပြီး အသေခံဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ကျန်းထုံဟာ ဥပဒေအကူအညီရှေ့နေတစ်ယောက်အနေနဲ့ ကျီဟဲ့ရဲ့ အမှုမှာဖုံးကွယ်ထားတာတွေ ရှိဦးမယ်ဆိုတာ ခံစားနေရပါတယ်။ သူမဟာ မောင်ရိရဲ့အကူအညီဖြင့် အဓိက သက်သေတွေကို ရှာတွေ့ခဲ့ပြီးလေယာဉ်မယ်လူသတ်မှုရဲ့ အမှန်တရားကို ဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။ဒီရုပ်ရှင်လေးဟာ အိမ်တွင်းအကြမ်းဖက်မှုကို အဓိကထား ရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားပဲ ဖြစ်ပါတယ်။ အမှန်တရားကိုသိရဖို့ ကျန်းထုံတစ်ယောက် ဘယ်လို အခက်အခဲတွေ အန္တရာယ်တွေနဲ့ကြုံတွေ့ခဲ့ရလဲ ဆိုတာကိုတော့ ရုပ်ရှင်ကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ပါဦးနော်။