အထက်တန်းကျောင်းသူ ယောအွန်းဟာက သူမရဲ့ အရင်းနှီးဆုံး သူငယ်ချင်း သေဆုံးသွားပြီးတဲ့နောက် အိပ်မက်ဆိုးတွေ၊ ထူးဆန်းတဲ့အသံတွေကို စပြီး ကြားနေခဲ့ပါတယ်။အဲဒီနောက် အွန်းဟာနဲ့ အတန်းဖော် သူငယ်ချင်းတွေ အထက်တန်းစာမေးပွဲပြီးလို့ အပျော်ခရီးထွက်ရင်းနဲ့ လမ်းပျောက်ပြီး စွန့်ပစ်ထားတဲ့ ကစားကွင်းတစ်ခုကို ရောက်သွားခဲ့ကြပါတယ်။ကောလာဟလတွေနဲ့ ဇာတ်လမ်းတွေ ရှိနေတဲ့ ကစားကွင်းဟောင်းထဲက သရဲအိမ်မှာ Live လွှင့်ဖို့ လုပ်ကြရာကနေကြောက်စရာအဖြစ်အပျက်တွေနဲ့ ကြုံလာရပုံကို ထိတ်လန့်ဖွယ် ရိုက်ကူးထားတဲ့ Teen Horror ဇာတ်လမ်းတစ်ခုပဲ ဖြစ်ပါတယ်။ Jump scare ကြိုက်တဲ့သူတွေ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးပါ။