ရုပ်ရှင်ကားကောင်းတကားဆိုတာ ကြည့်ပြီးတော့ တလမဟုတ်တောင် တပတ်လောက်ကိုယ့်ခေါင်းထဲမှာ ဒီရုပ်ရှင်အကြောင်းကို စွဲကျန်ခဲ့တဲ့ကားမျိုးလို့ပြောရင် သဘောတူကြမယ်ထင်ပါတယ်။ဒီကားက နာမည်ကျော် The good, The bad , The Ugly ထဲကသရုပ်ဆောင် Clint Eastwood ကိုယ်တိုင်ပါဝင်သရုပ်ဆောင် ,ဇာတ်ညွှန်းရေး ပြီး ဒါရိုက်တာလုပ်ထားတဲ့ ကားပါ။ ဒီကားက အော်စကာမှာလည်း အဓိကဇာတ်ဆောင်မင်းသမီး ၊ ဒါရိုက်တာဆု၊ ဇာတ်ပို့ဆုတွေအပြင် တခြား ဆုတွေကိုလည်း အပုံလိုက်ရထားတဲ့ကားပါ။အရင်ဆုံးပိုစတာတွေကိုကြည့်ပြီးတော့ သာမန်ဘောက်ဆင်ကားလိုမျိုးထင်လိုက်ရင်တော့မှားပါလိမ့်မယ်။ ဇာတ်လမ်းကသာမရိုးကျသွားသလိုလိုနဲ့ ဇာတ်ကောင်တွေကြားက သံယောဇဉ်တွေ၊ဘောက်ဆင်လောကအကြောင်းတွေ ကိုသေသေချာချာလေးပြနိုင်တဲ့ ဇာတ်ကားပါ၊။ အဓိကကတော့ ဇရန်ကီ နဲ့ မက်ဂီရဲ့ကြားက ဆရာတပည့်သံယောဇဉ်တွေ ၊ ဖခင်မေတ္တာလိုနေတဲ့ မက်ဂီရဲ့ခံစားချက်၊ ဖရန်ကီရဲ့ ဖခင်မေတ္တာပေးပုံတွေကို သေချာလေးပြထားပါတယ်။ Clint Eastwood က သရုပ်ဆောင်ကောင်းတယောက်တင်မကပဲနဲ့ဒါရိုက်တာအလုပ်ကိုလည်း ကျွမ်းကျင်ပိုင်နိုင်တယ်ဆိုတာကို ဒီကားကြည့်ရင်သေချာသိနိုင်ပါတယ်။ ဘောက်ဆင်လက်ဝှေ့တွေကို အပြင်နဲ့ထပ်တူကျအောင်ပြနိုင်တာတွေ အပြင်ဒိုင်ယာလော့တွေကအစ သဘာဝကျပြီး ရင်ထဲကျန်စေနိုင်တဲ့ဇာတ်ကားလေးမို့ မကြည့်ရသေးရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတကားပါ။ ဇာတ်လမ်းကိုလည်းအများကြီးမရေးပေးတော့ပါဘူး ကြည့်ရတာအရသာပျက်မှာစိုးလို့ပါ။ ဒီဇာတ်ကားကြည့်ပြီးရင်ထဲကျန်ခဲ့တာတော့ "မိုကွီရှီလာ" ဆိုတဲ့ စကားလုံးပါပဲ။