အန်နာဟာ သူ့ထက်အသက်အများကြီးကြီးတဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ စားသောက်ဆိုင်လေးတစ်ခုကို ဖွင့်လိုက်ပါတယ် အန်နာတစ်ယောက်ဖွင့်ပွဲလုပ်ပြီးတော့တစ်ရက်တောင်မပြည့်သေးတဲ့အချိန်မှာပဲ သူ့ရဲ့အပျော်တွေပျက်သွားခဲ့ရပါတယ် အန်နာ့ရဲ့စားသောက်ဆိုင်ကို သူ့ယောက်ျားရဲ့အကြွေးရှင်ဖြစ်တဲ့လူမိုက်တွေက မီးရှို့ဖျက်ဆီးဖို့ကြိုးစားလာကြတာပါ ဒါပေမယ့်ဘယ်သူမှမသိကြတာက အန်နာဟာရုရှားဘက်ကစပိုင်အေးဂျင့်တစ်ယောက်ဆိုတာပါပဲ စားသောက်ဆိုင်ကိုမီးရှို့ဖျက်ဆီးရုံပဲ အလုပ်ကိုလွယ်လွယ်လေးလို့တွေးထားကြတဲ့လူမိုက်တွေက အန်နာ့ရဲ့တိုက်ခိုက်မှုကို မမျှော်လင့်ထားကြပါဘူး… ကဲ..အန်နာတစ်ယောက် ဘယ်လိုမျိုး လူမိုက်တွေကိုကိုင်တွယ်သွားမလဲ သူ့စားသောက်ဆိုင်လေးကိုအဆုံးထိကာကွယ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်ပေးကြပါဦးနော်