သိပ်ချစ် သိပ်နွေးထွေးကြတဲ့ အဖေနဲ့ ဦးလေးတို့မိသားစု။ ကလေးတွေရတော့လည်း မိသားစု၂စုက တစ်ရက်တည်း ယောကျာ်းလေးနဲ့ မိန်းကလေး မွေးဖွားသတဲ့။သူတို့ကြီးလာရင်ပေးစားကြမယ်ဆိုပြီး လူကြီးချင်းတောင် ကြိုသဘောတူထားကြသတဲ့လေ။ ဒါပေမဲ့ ယောကျာ်းလေးဖြစ်တဲ့ ရာဂျီမိသားစုက ချမ်းသာကြတယ် ချမ်းသာတဲ့အလျောက် အလှူရေစက် လက်နဲ့မကွာမြေကွက်ဆိုလည်းလှူ ရှိသမျှလှူနေချိန် မိန်းကလေးမိသားစုဂီရိ့ဘက်က ခြစ်ကုပ်စုရင်းနဲ့ ကြီးပွားလာတယ် အချိန်တွေကြာလာတော့ စုငွေ ဆောင်းငွေရယ်မရှိဘဲ ရာဂျီတို့အိမ်ကို အစိုးရကလေလံတင်ရတဲ့အထိ မွဲတေသွားခဲ့ရတယ် အစ်ကိုကြီးအိမ် လေလံတင်တာကို မကြည့်ရက်လို့ဆိုပြီး ဦးလေးဖြစ်သူက ဝယ်ဖြစ်ခဲ့တယ် နောက်ဆုံးတော့ ပစ္စည်းတွေထားတဲ့ဂိုဒေါင်လေးကရာဂျီတို့အိမ်လေးဖြစ်လာတယ်ပေါ့ ဦးလေးဖြစ်တဲ့ ဂီရိ့အဖေက စည်းခြားလာခဲ့တယ် ကလေးချင်းလည်းပေးမတွေ့ ဆက်ဆံရေးတွေကြဲလာပြီး အဆင့်အတန်းခွဲလာခဲ့တာပေါ့ဒီကနေစခဲ့တဲ့ဇာတ်လမ်းက ကလေးတွေကြီးလာတော့ ဘာတွေဆက်ဖြစ်သွားမလဲ အချင်းချင်း မေတ္တာသက်ဝင်ကြပေမဲ့ ပိုက်ဆံက အရာရာဖြစ်နေတဲ့ ဦးလေးကြောင့် သူတို့လမ်းခရီးပျော်ရွှင်နိုင်ပါ့မလားဆိုတာကိုတော့....။