ငယ်စဉ်ကတည်းက ဖွန်တအားကြောင်လှတဲ့ ဟက်ပီး။ဒါပေမဲ့လည်း အဖေဖြစ်သူ ကျောင်းဆရာရဲ့ပရောဂကြောင့်ချိန်သမျှမိန်းကလေးတိုင်းနဲ့လွဲခဲ့ရတာပေါ့။အရွယ်လေးရောက်လာလို့ချစ်သူရှိလာပြန်တော့ ပုံပန်းမကျလှတဲ့ အဖေဖြစ်သူရုပ်ရည်ကြောင့်အဖေဖြစ်သူကျောင်းဆရာကြီးရဲ့ ချွေးမမဖြစ်ချင်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့လမ်းခွဲသွားပါရော။ဒါနဲ့ပဲ ဟက်ပီးတယောက်တရွာမပြောင်း မိန်းမမရလို့ ကြွေးကြော်ပြီး အဖေဖြစ်သူနဲ့ ဝေးရာမြို့ဆီ အလုပ်သွားလုပ်ပါတော့တယ်။ကုသိုလ်ကံလေး မစလို့ ချစ်သူလေးရမယ် ကြံပါမှ အဖေဖြစ်သူရဲ့ပရောဂက ထပ်ကြပ်မကွာလိုက်လာပြန်တဲ့အခါမှာတော့...။