နောက်ပိုင်း Scream ဇာတ်ကားတွေထဲက Mason Gooding ရဲ့ နောက်ဆုံးထွက် Thriller ဇာတ်ကားသစ်ဖြစ်ပြီးဒီနှစ်အစောပိုင်းမှာ ကွယ်လွန်သွားရှာပြီဖြစ်တဲ့ James Van Der Beekရဲ့နောက်ဆုံးဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ မတွေ့တာကြာပြီဖြစ်တဲ့ သူငယ်ချင်းသုံးယောက် ပါတီသွားဖို့ ခရီးထွက်လာရင်း ဝင်းခြံအခိုင်အမာနဲ့အိမ်ရာဝင်းတစ်ခုထဲမှာ ပိတ်မိသွားကြပါတော့တယ်။ အဲ့ဒီမှာပလူသတ်မှုတစ်ခုကို မတော်တဆမျက်မြင်သက်သေကြုံရာက လူသတ်တရားခံ သင်းအုပ်ဆရာက သူတို့ကိုလိုက်နှိမ်နင်းဖို့ကြိုးစားပါတော့တယ်။အန္တရာယ်ထဲတိုးဝင်မိတဲ့ လူငယ်သုံးယောက်က လူမည်းလူငယ်တွေဖြစ်နေပြီး ရပ်ကွက်ကတော့ လူဖြူတွေချည်းနေထိုင်တဲ့ လူချမ်းသာ ရပ်ကွက်တစ်ခုပါ။ အဲ့ဒီအိမ်ရာဝင်းထဲကနေထိုင်သူတွေမှန်သမျှဟာ သူတို့ကိုကူညီဖို့ထက်ပိုနစ်အောင်ထိုးချဖို့ပဲ အားသန်နေတဲ့အခါမှာတော့ အဲ့ဒီအခက်အခဲတွေထဲက ဘယ်လိုရုန်းထွက်ကြရမလဲဆိုတာစိတ်ဝင်တစားရှုစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ရိုးရှင်းသလိုနဲ့မထင်မှတ်တဲ့ လှည့်ကွက်တွေပါဝင်ပြီးဝေဖန်ရေးဆရာတွေကတော့ James Van Der Beek ရဲ့သရုပ်ဆောင်ချက်ကိုအထူးချီးကျူးကြပါတယ်။ကိုယ့်ကိုယ်ကိုကယ်တင်ရှင်လို့ ယုံကြည်နေတဲ့ လူဖြူတစ်ယောက်ရဲ့ ရန်လိုမှုနဲ့အဇ္ဇတ္တကိုအကောင်းဆုံးပုံဖော်နိုင်ခဲ့ပါတယ်။ ဒါဟာသူ့ပရိသတ်တွေအတွက်နောက်ဆုံးလက်ဆောင်တစ်ခုလို့လည်းပြောလို့ရပါတယ်။