ကောင်းမှကောင်းပေ့ဆိုတဲ့ ဇာတ်ကားတွေရှာနေတယ်ဆိုရင်တော့ ဒီကားကို စာရင်းထိပ်ဆုံးမှာသာ ထားလိုက်တော့ဗျို့။သူ့နာမည်က ရှီဗန်း နောက်ခံကောင်းကောင်း အင်ယာကျောင်းသားတစ်ယောက် ဒါပေမဲ့ အပေါင်းအသင်းမရှိ အနိုင်ကျင့်ခံလူတစ်ယောက်ပေါ့ သူ့ကို ဒီအမှောင်ထုထဲက ဆွဲထုတ်ပေးပြီးအလင်းသစ်တွေဆောင်ပေးတာက မော်ရှရီတဲ့ သူမက လမ်းဘေးပြဇာတ်ခေါင်းဆောင် လက်ရဲ ဇက်ရဲသမား။ သူ့ရှေ့မှာ မတရားခံရတာမြင်ရရင် တစ်ခုခုထလုပ်ပစ်လိုက်ရမှကျေနပ်သူတစ်ယောက်။ ဒီအကျင့်ကြောင့်ပဲ သူနဲ့ပေါင်းမိတဲ့ရှီဗန်းပါ ကျောင်းထုတ်ခံရတဲ့အဆင့်ထိ ဖြစ်သွားခဲ့တယ်။ အကြောင်းကတော့ အနိုင်ကျင့်တာမြင်လို့ အနိုင်ကျင့်တဲ့ဆိုင်ပိုင်ရှင်ဆီက မုန့်တွေခိုးမိလို့။ ဒါပေမဲ့ ကျောင်းအုပ်ကြီးက ဒုတိယအခွင့်အရေးပေးမယ်ဆိုပြီး ကျူးကျော်ရပ်ကွက်ကို ခေါ်သွားပြီး ဒီထဲက ကလေး၅ယောက်ကို ကျောင်းထားဖို့ စည်းရုံးနိုင်ရင်ကျောင်းပြန်တက်ခွင့်ပေးမယ်ဆိုပြီး လမ်းစပေးလိုက်ပါတယ်။ ကဲ ကလေးတွေကျောင်းတက်ဖို့ ရှီဗန်းတို့ ၂ယောက် ဘယ်လိုတွေကြိုးစားသွားမလဲ။ ဘယ်လိုလူမျိုးတွေ မွေးထုတ်နိုင်သွားမလဲ။ဆက်လက်ကြည့်ရှုလိုက်ပါဦး။