Sam (Chris Hemsworth) နှင့် Leslie (Victoria Profeta) တို့က ပိုက်ဆံ အပြည့်ပါတဲ့ လက်ဆွဲအိတ်ကို ကောက်ရခဲ့ပြီး သူ့တို့ ရဲ့ ဘဝကြီး ပြောင်းလဲသွားတော့မယ်လို့ ထင်နေကြပါတယ်။ အဲ့ဒီအချိန်မှာ လက်ဆွဲအိတ်ရဲ့ ပိုင်ရှင်ဆိုသူ Pyke Kubic ( Sean Bean ) တစ်ယောက်ရောက်လာပြီး သူ့ရဲ့ ပိုက်ဆံတွေကို ပြန်လာတောင်းပါတော့တယ်။ ပိုက်ဆံတစ်ချို့ကို သုံးပြီးသွားတဲ့ Sam တို့ လင်မယားနှစ်ယောက် နဲ့ လက်ဆွဲအိတ်ပိုင်ရှင်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲ။ သူတို့ရဲ့ ပိုက်ဆံတွေကို ပြန်ရအောင်ဘယ်လိုလုပ် ကြမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဒီဇတ်ကားက crime-thriller အမျိုးအစားလို့ဆိုပေမဲ့ thriller မကြိုက်တဲ့သူတွေတောင် ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမဲ့ ဇတ်ကားမျိုးဖြစ်ပါတယ်။