နာဂါရှီမာဟာ အိုဆာကာကနေ တိုကျိုကို လူမမယ်ကလေး ၂ယောက်နဲ့ ရောက်လာခဲ့ပြီး တစ်ကိုယ်တော်မိခင်အဖြစ် အချိန်ပိုင်းအလုပ်များစွာနဲ့ ရုန်းကန်နေရသူပါ။ သူ့ကလေးနှစ်ယောက်ကို အနာဂတ်ကောင်းကောင်း ပိုင်ဆိုင်စေချင်တဲ့အတွက်လည်း အစွမ်းကုန် ကြိုးစားပေးနေသူလည်းဖြစ်ပါတယ်။ တာမာအဲကတော့ မထင်မရှား လက်ဝှေ့အားကစားရုံက မိန်းကလေးလက်ဝှေ့သမားပါ။ ပွဲကြီးတွေမှာ ဝင်မထိုးနိုင်သေးတဲ့သူ့ဘဝဟာလည်း မပြေလည်သေးပါဘူး။ ငွေလိုနေတဲ့ နာဂါရှီမာဟာ မထင်မှတ်ဘဲ ပေါ်လာတဲ့ မူးယစ်ဆေးရောင်းတဲ့အလုပ်ကို လုပ်မိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူများနယ်မြေမှာ မူးယစ်ဆေး ရောင်းမိသွားရာကပြဿနာရှာခံလိုက်ရပါတယ်။ အဲဒီအချိန် တာမာအဲက သူ့ကို တွေ့သွားပြီး ကူညီပေးခဲ့ရာက ရင်းနှီးသွားကြပါတယ်။ မိန်းကလေးနှစ်ယောက် အန္တရာယ်များတဲ့မူးယစ်ဆေးရောင်းချတဲ့အလုပ်ကို လုပ်နေကြရင်း သူတို့ရောင်းလိုက်တဲ့သူတွေထဲက ကျောင်းသူလေး မတော်တဆဖြစ်ပြီးသေဆုံးသွားတဲ့အခါမှာတော့ .....