ရေကိုဟာတူနာဟာ စာပေဆုရနာမည်ကျော် စာရေးဆရာမတစ်ယောက်ဖြစ်ပြီးအခုချိန်မှာ Writer's blockဖြစ်နေတဲ့အတွက် ရေးလက်စ အချစ်၀တ္တုကိုအဆုံးသတ်ဖို့ မြို့ပြင်က တိတ်ဆိတ်တဲ့အိမ်အိုကြီးတစ်လုံးကိုပြောင်းလာခဲ့ပါတယ်။အဲ့ဒီအိမ်ရဲ့ဘေးမှာ ထူးဆန်းတဲ့အဆောက်အအုံတစ်ခုရှိပြီး အဲ့ဒီမှာတော့ ရှေးဟောင်းသုသေသနပညာရှင် မာကိုတို နေထိုင်သလိုလတ်တလောမှာ သူဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ လောက်ကရွှံ့စေးရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိထားပါတယ်။အဲ့ဒီမှာနေထိုင်ရင်း မကြာခင်မှာ ရေကိုဟာ အိမ်ထဲမှာ မိန်းမတစ်ယောက်ရဲ့ဝိဉာဉ်ကိုစတင်တွေ့မြင်လာရပြီး အဲ့ဒီမိန်းမဟာ သူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်ချင်နေသလိုခံစားလာမိပါတယ်။အဲ့ဒါနဲ့တစ်ပြိုင်တည်းမှာပဲ မာကိုတိုရဲ့အဆောက်အအုံမှာပါ ထူးခြားဖြစ်စဉ်တွေ ပေါ်ပေါက်လာပြီး သူတို့နှစ်ယောက်လုံးဟာ စိတ်ထင်ယောင်မှားမှုနဲ့လက်တွေ့အဖြစ်မှန်တို့ကို ခွဲခြားနိုင်စွမ်းဝေဝါးပျောက်ကွယ်စပြုလာပါတော့တယ်။Jump scare တွေ၊ စိတ်ကိုခြောက်ခြားစေတဲ့ အသံတွေ တီးလုံးတွေ မပါသလောက်နီးပါးနဲ့ပတ်ဝန်းကျင်အနေအထား၊ ဇာတ်ကြောင်းပြောပုံတို့နဲ့တင် ကျောချမ်းလာစေနိုင်တဲ့ ထူးခြားတဲ့ဇာတ်ကားကောင်းတစ်ကားပါ။