The Perfect Couple HD

The Perfect Couple

Comedy Romance HD 2007-01-25 5.6 109 Min

စုံထောက် ဂန်ဂျယ်​ဟျော့ဟာ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးရာမှာ တော်ပေမဲ့ တစ်ဖက်မှာတော့ ချွန်ထက်တဲ့အရာတွေကို ကြောက်ရွံ့တဲ့​ရောဂါရှိသူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူဟာ လူဆိုးတစ်ယောက်ကို လိုက်ဖမ်းရင်း လမ်းဘေးမှာ မုန့်စားနေတဲ့ သတင်းထောက်မလေး ချွဲဆူဂျင်း နဲ့ မတော်တဆ တွေ့ဆုံခဲ့ပါတယ်။အဲဒီလိုနဲ့ အစပြုခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ ရေစက်ဟာ စုံ​ထောက်တစ်​ယောက်ရဲ့ လုပ်​ဆောင်ချက်​တွေကိုတင်ဆက်တဲ့ အစီအစဉ်မှာ အတူတူတွဲလုပ်ဖို့ ဖြစ်လာရင်း ပိုပြီးနက်ရှိုင်းလာပါတော့တယ်။ တစ်ယောက်ကိုတစ်ယောက် တွေ့တာနဲ့ ရန်ဖြစ်ဖို့ပဲ ချောင်းနေကြတဲ့ သူတို့နှစ်ယောက်ဟာ မူးယစ်ဆေးဝါးဂိုဏ်းတစ်ခုရဲ့ အမှုကြီးကို အတူတူစုံစမ်းဖော်ထုတ်ရင်း ဘယ်လိုမျိုး သံယောဇဉ်တွေ ဖြစ်ပေါ်လာမလဲဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။The Perfect Couple ဟာ ပေါ့ပေါ့ပါးပါးနဲ့ ရယ်မောချင်သူတွေအတွက် အသင့်တော်ဆုံးဖြစ်ပြီး မင်းသား Lee Dong-wook နဲ့ မင်းသမီး Hyun Young တို့ရဲ့ အတွဲညီညီ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်ရှုသူတွေကို အနှစ်သာရရှိတဲ့ ဖျော်ဖြေမှုတစ်ခု ပေးစွမ်းနိုင်မှာ သေချာပါတယ်။