God of Frogs HD

God of Frogs

Horror HD 2026-03-02 10 0 Min

God of Frogs(ဖားနတ်ဘုရား)ဇာတ်ကားဟာ နှစ်ပေါင်း ၂၅ နှစ်မှာ တစ်ကြိမ်  နိုးထလာလေ့ရှိတဲ့ ရှေးဟောင်း "ဖားနတ်ဘုရား" တစ်ကောင်ရဲ့  ကျိန်စာနဲ့ သွေးပျက်စရာ ဖြစ်ရပ်ဆိုးတွေကို  ခေတ်ကာလ ၄ ခုခွဲပြီး တင်ဆက်ထားတဲ့ Horrorဇာတ်ကားကောင်းပဲဖြစ်ပါတယ်....လူသူမနီးတဲ့ တောနက်ထဲမှာ နှစ်ပေါင်းများစွာ အိပ်ပျော်နေတဲ့  ရှေးဟောင်းဖားသတ္တဝါကြီးတစ်ကောင် ရှိပါတယ်။ ဒီသတ္တဝါဟာ ၂၅ နှစ်ပြည့်တိုင်း တစ်ကြိမ်နိုးထလာပြီး  လူသားတွေကို အစာအဖြစ် အမဲလိုက်လေ့ရှိပါတယ်။ဒီဇာတ်ကားမှာတော့ ၁၉၆၉ ခုနှစ်ကနေ အနာဂတ် ၂၀၄၄ ခုနှစ်အထိ  ကာလအပိုင်းအခြား ၄ ခုကို ခွဲခြားပြသထားပါတယ်။ မြစ်ကမ်းနားက ဂိုဏ်းဝင်တွေရဲ့ ပူဇော်ပွဲ၊ တောထဲမှာ ပျောက်ဆုံးသွားတဲ့ ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့၊  နိုင်ငံရေးသမားတစ်ဦးရဲ့ ထူးဆန်းတဲ့ သေဆုံးမှုနဲ့ အနာဂတ်က ကော်ပိုရေးရှင်းကြီးတစ်ခုရဲ့ ပျက်သုဉ်းမှု... ဒီဖြစ်ရပ်အားလုံးဟာ ထူးဆန်းတဲ့  ဖားသတ္တဝါကြီးရဲ့ ကျိန်စာနဲ့ ဘယ်လိုဆက်စပ်နေမလဲ.....သွေးပျက်စရာ သတ္တဝါဆန်းတွေကိုမှ ကြိုက်နှစ်သက်တဲ့  ပရိသတ်တွေအတွက်တော့ ခေတ်အဆက်ဆက်က ထိတ်လန့်စရာဖြစ်ရပ်တွေကို တစ်ကားတည်းမှာ မြင်တွေ့ရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။