Last Save Point HD

Last Save Point

Drama HD 2026-03-16 4 81 Min

၂၀၂၆ မှာ ထွက်ထားတဲ့ "Last Save Point"ဆိုတဲ့ကားက Sci-Fi နဲ့ Thriller ကိုမှ Post-apocalyptic (ကမ္ဘာပျက်ပြီးခေတ်) နောက်ခံနဲ့ ရိုက်ထားတာဆိုတော့ တော်တော်လေး ရင်ခုန်ဖို့ကောင်းပါတယ်။ဇာတ်လမ်းက ကမ္ဘာကြီး ပျက်စီးသွားပြီးတဲ့နောက်မှာ စတာပါ။ အဓိကဇာတ်ဆောင်က ပျက်စီးနေတဲ့ အဆောက်အဦးတွေကြားမှာ နိုးလာပြီး ဘာဖြစ်လို့ ဖြစ်မှန်းမသိဘဲ လွတ်မြောက်အောင် ကြိုးစားရင်းနဲ့ Paranoia (တစ်ယောက်ယောက်က သူ့ကို လိုက်နေသလိုမျိုး စိုးရိမ်စိတ်) တွေ၊ မှတ်ဉာဏ်တွေ ပျောက်ဆုံးနေတာတွေနဲ့ ရင်ဆိုင်ရပါတယ်။ဇာတ်လမ်းရဲ့ အချိုးအကွေ့ကတော့ သူဟာ "ကလေးတစ်ယောက်လို စိတ်ဓာတ်ရှိတဲ့ လူငယ်တစ်ယောက်" နဲ့ သွားဆုံတဲ့နေရာမှာ စတာပဲ။ သူတို့နှစ်ယောက်ဟာ မဖြစ်မနေ မဟာမိတ်ဖွဲ့ပြီး ဒီကြောက်စရာကောင်းတဲ့ ကမ္ဘာကြီးထဲမှာ အတူတူ ဖြတ်သန်းကြရပါတယ်။သူတို့နှစ်ယောက် ခရီးသွားရင်းနဲ့ ခြံစည်းရိုးတွေ ခတ်ထားတဲ့ကျောင်းတစ်ကျောင်းကို ရောက်သွားကြတယ်။ အဲဒီမှာ ထူးဆန်းတာက ကျောင်းသားတွေက ကလေးတွေမဟုတ်ဘဲ လူကြီးတွေဖြစ်နေတာပဲ။ အဲဒီလူကြီးတွေဟာ အရင်က သူတို့ကို အုပ်ချုပ်ခဲ့တဲ့ ဆရာ၊ ဆရာမတွေရဲ့ လက်အောက်မှာပဲ ရှိနေတုန်းဖြစ်ပြီး အပြင်လောကကို ထွက်ဖို့ ကြောက်နေကြပါတယ်။ဒီကျောင်းကြီးထဲမှာ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေမလဲ၊ ဒီလူနှစ်ယောက်ကရော ဘေးကင်းကင်းနဲ့ ပြန်ထွက်လာနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်စားစရာ ရိုက်ပြထားတာပါ။ ဒီကားရဲ့ ခေါင်းစဉ် "Last Save Point" ဆိုတဲ့အတိုင်းပဲ "တကယ်လို့ ဘဝမှာ restart ချလို့မရတော့ဘူး၊ ဒုတိယအခွင့်အရေး မရှိတော့ဘူးဆိုရင် ဘာဖြစ်မလဲ"ဆိုတဲ့ မေးခွန်းကို ပရိသတ်ကို ပေးထားပါတယ်။ Jonathan Abbot နဲ့ Alexander Tannahill တို့က အဓိကပါဝင်ထားပြီး သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ချက်က တော်တော်လေး အသက်ဝင်ပါတယ်။ဒီကားက ဇာတ်လမ်းအသွားအလာ နည်းနည်းလေး မှောင် (Dark) တယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဇာတ်လမ်းထဲမှာ ပါတဲ့ "ကျောင်းကြီး" ရဲ့  အကြောင်းအရာက တော်တော်လေးကို ထူးဆန်းပြီး ဆွဲဆောင်မှု ရှိပါတယ်။ လူသားတွေရဲ့ ကြောက်ရွံ့မှုနဲ့ အုပ်ချုပ်သူတွေရဲ့ လှည့်ကွက်တွေကို စိတ်ဝင်စားစရာ မြင်ရမှာပါ။ တစ်ယောက်တည်း အေးအေးဆေးဆေးနဲ့ Mystery ဆန်ဆန် ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒါလေးက ကွက်တိပဲနော်။