Bahay-bahayan HD

Bahay-bahayan

Drama Family HD 2026-04-04 8.3 57 Min

ဂျိုအန်နာဆိုတာ အသက် ၂၀ ကျော်အရွယ် ဖိလစ်ပိုင်မိန်းကလေးတစ်ယောက်ပါ။ သူ့အမေဖြစ်သူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့ OFW (Overseas Filipino Worker)တစ်ယောက်ဖြစ်တဲ့အတွက် ငယ်ငယ်လေးကတည်းက အမေနဲ့ အဝေးမှာ ကြီးပြင်းခဲ့ရပါတယ်။အချိန်တွေကြာလာတာနဲ့အမျှ သွေးသားတော်စပ်ပေမဲ့ အမေဖြစ်သူနဲ့ ဂျိုအန်နာတို့ကြားက ဆက်ဆံရေးဟာ လုံးဝကို မရှိသလောက် ပြတ်တောက်သွားခဲ့ရပြီးအမေ့ဘက်ကအဘွားနဲ့သာကြီးပြင်းလာခဲ့ရတာပေါ့။ဒါပေမဲ့ အဘွားလေဖြတ်သွားချိန် အမေ့ကို ဖိလစ်ပိုင်ပြန်လာဖို့ ဆက်သွယ်တော့ နှစ်ပတ်အကြာ နာရေးအပြီးမှ ရောက်လာတဲ့အတွက် ဂျိုအန်နာတစ်ယောက် သူ့အမေကို ဘယ်လိုမှ မစာနာပေးမတွေးပေးနိုင်တော့ဘဲ ပေါက်ကွဲပါတော့တယ်။ငွေရှာဖို့အတွက် သားသမီးကို ထားခဲ့ရတဲ့ အမေတစ်ယောက်ရဲ့ နာကျင်မှုနဲ့... အမေ့မေတ္တာ ငတ်မွတ်ခဲ့ရတဲ့ သမီးတစ်ယောက်ရဲ့ ခံစားချက်တွေ ထိပ်တိုက်တွေ့တဲ့အခါ... သူ့အနေနဲ့ အတိတ်ကနာကျင်မှုတွေကို ခွင့်လွှတ်ပြီး ရှေ့ဆက်မလားဆိုတာကိုတော့...