Brothers Under Fire HD

Brothers Under Fire

Action Drama Thriller Mystery HD 2026-04-15 6.1 99 Min

ကပ္ပတိန် ဂျော်ဒန်ရိုက် နဲ့ သူ့ရဲ့ အမေရိကန် အထူးတပ်ဖွဲ့ဝင်တွေဟာ သူတို့အဖွဲ့ထဲက ဆေးတပ်သား သူငယ်ချင်းဖြစ်သူရဲ့ မင်္ဂလာဆောင်ကို တက်ဖို့ တောင်အမေရိကတိုက်က မြို့လေးတစ်မြို့ကိုခွင့်ယူပြီး သွားကြပါတယ်။ အားလုံး ပျော်ပျော်ပါးပါး မင်္ဂလာဆောင်ကို ဆင်နွှဲနေကြတုန်း မျှော်လင့်မထားဘဲ ရက်စက်တဲ့ ဒေသခံ ကာတဲလ် မူးယစ်ဂိုဏ်းက ဝင်စီးပြီး ပစ်ခတ်ပါတော့တယ်။အဲဒီမှာတင် သူတို့ရဲ့ ဆေးတပ်သား သူငယ်ချင်း သေဆုံးသွားခဲ့ရတယ်။ဒီလိုနဲ့ ပျော်စရာမင်္ဂလာဆောင်ကနေ သွေးထွက်သံယို စစ်ပွဲကြီးတစ်ခုအဖြစ် ချက်ချင်းပြောင်းသွားပါတော့တယ်။ ကပ္ပတိန်ဂျော်ဒန်နဲ့ ကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ သူတို့သူငယ်ချင်းအတွက်လက်စားချေဖို့နဲ့ အပြစ်မဲ့ မြို့သူမြို့သားတွေကို ကာကွယ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ စစ်မြေပြင်အတွေ့အကြုံရှိတဲ့ စစ်သားတွေနဲ့ ရက်စက်တဲ့ လူသတ်သမား ဂိုဏ်းသားတွေကြားကအကြိတ်အနယ် အသက်လုတိုက်ပွဲကို ရင်တမမနဲ့ ကြည့်ရမှာပါ။ဒီကားက ရိုးရိုးရှင်းရှင်း အက်ရှင်ကားမျိုးမဟုတ်ဘဲ စစ်သားတွေရဲ့ ညီအစ်ကိုလို သံယောဇဉ်၊ အခက်အခဲကြားက ရုန်းကန်ရမှုတွေကို သဘာဝကျကျ ရိုက်ပြထားပါတယ်။ ကိုယ့်လူတွေ၊ကိုယ့်မိသားစုလို ဖြစ်နေတဲ့သူတွေအတွက် ဘယ်လောက်အထိ အသက်ပေးပြီး တိုက်ခိုက်မလဲဆိုတာကို မြင်တွေ့ရမှာပါ။စစ်သားတွေဆိုပေမယ့် ကိုယ့်နယ်မြေမဟုတ်တဲ့ နိုင်ငံရပ်ခြားမှာ လက်နက်အပြည့်အစုံမပါဘဲ လူမိုက်ဂိုဏ်းကို ဘယ်လိုနည်းဗျူဟာတွေသုံးပြီး ပြန်ချမလဲဆိုတာက တော်တော်လေးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အက်ရှင်အကြမ်းစားနဲ့ ဇာတ်ရှိန်တက်တဲ့ ကားမျိုးတွေကို သဘောကျတယ်ဆိုရင် သေချာပေါက် လက်မလွတ်သင့်တဲ့ ကားတစ်ကားပါပဲ။