Who's The Boss? HD

Who's The Boss?

Comedy HD 2026-03-13 8.3 58 Min

နာမည်ကြီးဖက်ရှင်ဘရန်းရဲ့ ဘော့စ်ဖြစ်တဲ့ လိုက်ဒါဟာ အသက် ၄၅ နှစ်အရွယ် အပြောအဆိုကြမ်းတမ်းပြီး စိတ်သဘောထားဆိုးသူပါ။ ဒါကြောင့် ကုမ္ပဏီက ဝန်ထမ်းတွေက သူ့ကို ဘယ်လိုမှ သဘောမကျကြပါဘူး။ တင်န်ကတော့ အသက် ၂၀ ကျော် ငယ်ရွယ်လှပပြီး content တွေ ဖန်တီးချင်တဲ့ Vlogger ဖြစ်တဲ့အပြင် လိုက်ဒါ့ကုမ္ပဏီက ဝန်ထမ်းငယ်လေးပါ။ တင်န်ရဲ့သူငယ်ချင်း အော်လ်ဂါကို ဘော့စ် အလုပ်ထုတ်ပစ်လိုက်တဲ့အတွက် အော်လ်ဂါ့အဘွားက ဘော့စ်ကို ကျိန်စာတိုက်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ ဘော့စ် လိုက်ဒါနဲ့ တင်န်တို့ဟာ ခန္ဓာကိုယ်ချင်း လဲလှယ်သွားကြပြီး နိုးထလာကြပါတော့တယ်။ ကုမ္ပဏီကလည်း အကျပ်အတည်းဖြစ််နေချိန် Vlogအတွက် ဗီဒီယို ရိုက်ပေးရမှာတွေနဲ့ ခန္ဓာကိုယ်ချင်း လွဲနေကြတဲ့ ဘော့စ်နဲ့ ဝန်ထမ်းအငယ်လေးတို့ ဘယ်လိုစခန်းသွားကြပြီးကျိန်စာပြယ်အောင်ကြိုးစားသွားကြမလဲဆိုတာကိုတော့  ......