The Furies HD

The Furies

Comedy HD 2025-11-28 6 107 Min

The Furies (Les Fluries) ဟာ ရိုလာဒါဘီဆိုတဲ့ အမျိုးသမီးအားကစားနည်းကိုအခြေခံတဲ့ အားကစားဟာသဇာတ်မြူးကားကောင်းတစ်ကားပါ။ အားကစားဆိုရင် မြင်တွေ့နေကျ အမျိုးသားအခြေပြုအားကစားတွေကိုဦးမတည်ပဲ အမျိုးသမီးတွေ၊ အထူးသဖြင့် လူ့အသိုင်းအဝိုင်းရဲ့အပယ်ခံတွေ၊ လူများစုနဲ့ဓာတ်မတည့်သူတွေ Misfitsတွေနဲ့ဖွဲ့စည်းထားတဲ့ အသင်းတစ်ခုကိုအခြေခံထားတာဖြစ်လို့စိတ်ခွန်အားရစရာ တစ်ချိန်တည်းမှာပဲကြည်နူးပျော်ရွှင်မှုတွေကိုပါ ခံစားရအောင်တင်ဆက်နိုင်တဲ့ ဇာတ်လမ်းလေးတစ်ခုပါ။ဇာတ်လမ်းအကျဉ်းအနေနဲ့တော့ ကွီဗက်ပြည်နယ်က မြို့ငယ်လေးတစ်မြို့မှာအခြေခံထားပါတယ်။ ဘ၀မှာအဆင်မပြေမှုတွေနဲ့ရင်ဆိုင်နေရတဲ့ အသက်အရွယ်စုံ၊နောက်ခံဇာတ်ကြောင်းပေါင်းစုံနဲ့အမျိုးသမီးတစ်စုဟာသူတို့ရဲ့စိတ်ဖိစီးမှုတွေနဲ့ဒေါသတွေကိုဖြေဖျောက်ဖို့ ရိုလာဒါဘီ အသင်းတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။ အစပိုင်းမှာတော့ငွေမရှိ၊ ဝတ်စုံမရှိ၊ ကစားကွင်းမရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရပေမယ့် သူတို့ရဲ့စည်းလုံးမှုနဲ့ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးဆိုတဲ့ စိတ်ဓာတ်ကြောင့်သူတို့ဝန်းကျင်ကလူတွေရဲ့အမြင်တွေကိုပြောင်းပြန်လှန်နိုင်ခဲ့ပုံတွေကို ရှုစားရမှာဖြစ်ပါတယ်။ဟာသဘက်ယိမ်းပြီး ပေါ့ပေါ့ပါးပါးသွားထားလို့ တကယ်ရယ်ရသလို၊ မိခင်ဘ၀ အမျိုးသမီးအခွင့်အရေး လူမှုရေးဖိအားတွေနဲ့ရင်ဆိုင်ရပုံတွေကို ပညာသားပါပါထည့်သွင်းထားတာကိုခံစားရမှာပါ။