Ashakal Aayiram HD

Ashakal Aayiram

Drama HD 2026-02-06 8.3 0 Min

အသက်ကြီးနေပေမယ့် ဆိုင်ကယ်အစုတ်လေးတစီးနဲ့ ဆေးရုံဆေးခန်းတွေမှာခြေတိုအောင် လိုက်ပြီးပရိုမိုးရှင်းဆင်းနေရတုန်းဖြစ်တဲ့ ဆေးကိုယ်စားလှယ်ကြီး ဟာရီဟာရန်။သားကြီးဖြစ်သူအာရှစ်ခ်ကတော့ ဘာမှအဖြစ်မရှိပေမယ့် စူပါစတားမင်းသားတစ်လက်ဖြစ်လာဖို့အိပ်မက်မက်နေသူ။အလုပ်အကိုင်တခုခုနဲ့ အတည်တကျဖြစ်စေချင်တဲ့ အဖေဖြစ်သူနဲ့ အနုပညာပိုးအပြည့်နဲ့သားဖြစ်သူတို့မျက်နှာချင်းဆိုင်မိတိုင်း တကျက်ကျက် ရန်ဖြစ်နေရတာပေါ့။အာရှစ်ခ်က အနုပညာလောကမှာ ဘယ်နေရာမှာမှ နေရာမရသေးပေမယ့် ဆိုရှယ်မီဒီယာမှာပေါက်ကရလုပ်ပြလို့နာမည်ကြီးသွားပြီး ရုပ်ရှင်လောကထဲ ခြေချရမှာ ရှက်တယ်ဆိုတဲ့ ခံယူချက်ကအပြည့်အ၀ခံယူထားပါသေးတယ်။ဒီလိုနဲ့ပဲ အဖေဖြစ်သူကို အမျိုးမျိုး ခြေစုံကန်ကျေးဇူးကန်းစကားတွေပြောရင်းသူဖြစ်ချင်တဲ့စူပါစတားတစ်လက်ဖြစ်လာအောင် ဘယ်လိုကြိုးစားမလဲဆိုတာ...။