18 Youth HD

18 Youth

Drama HD 2026-03-25 8.3 102 Min

အိမ်ရော ကျောင်းကိုပါ မကျေနပ်မှုတွေ များနေတဲ့ ၁၈ နှစ်အရွယ် အထက်တန်းကျောင်းသူလေး အီဆွန်းဂျောင်း (Kim Do-Yeon) ဟာ ကျောင်းပြီးတာနဲ့ အာဖရိကကို ထွက်ပြေးဖို့ စိတ်ကူးထားသူပါ။ တစ်နေ့မှာ ဆွန်းဂျောင်းတို့အတန်းကို ဂျောင်ဟီးဂျူ (Jeon So-min) လို့ ခေါ်တဲ့ အတန်းပိုင်ဆရာမလေးက အသစ်ရောက်လာပါတော့တယ်။ စာသင်ချိန်မှာ ဖုန်းမသိမ်းတာတို့၊ အတန်းခေါင်းဆောင်နေရာကို တစ်ပတ်စီ အလှည့်ကျ တာဝန်ယူခိုင်းတာတို့... အစရှိတဲ့ ထူးထူးခြားခြား စည်းကမ်းချက်တွေကြောင့် ဆရာမလေးက ကျောင်းသူတွေရဲ့ ထောက်ခံမှုကို ချက်ချင်းဆိုသလို ရရှိသွားခဲ့ပေမဲ့ ပုန်ကန်လိုစိတ်အပြည့်ဖြစ်နေတဲ့ ဆွန်းဂျောင်းအတွက်တော့ ဆရာမလေးရဲ့ လုပ်ပုံတွေက စိတ်ရှုပ်စရာသက်သက်သာ ဖြစ်နေတဲ့အခါမှာ...ဆရာမ ဂျောင်ဟီးဂျူရဲ့ ထူးဆန်းတဲ့ သွန်သင်ဆုံးမပုံလေးတွေကြောင့် ဆွန်းဂျောင်းနဲ့ တခြားကျောင်းသူလေးတွေက ဘယ်လိုဘယ်ပုံ ရင့်ကျက်ပြောင်းလဲသွားကြမလဲ....ရင်ထဲက အသံကို နားစွင့်ပြီး မတူညီမှုတွေကို လက်ခံရင်းနဲ့ အဆုံးမှာ မုန်တိုင်းထန်တဲ့ ၁၈ နှစ်အရွယ်ကို ချောချောမွေ့မွေ့ ကျော်ဖြတ်သွားနိုင်မလားဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက် ကြည့်ရှုပေးကြပါဦး။