Tabekko Doubutsu: THE MOVIE HD

Tabekko Doubutsu: THE MOVIE

Animation HD 2025-05-01 8 90 Min

လိုင်းယွန်း၊ ဆာရု၊ ပယ်ဂါဆပ်စ်၊ ဝါနီ၊ အုဆဂိ၊ ခါဘ၊ ဟိရိုကို၊ ဇိုးတို့ဟာ မုန့်ကမ္ဘာက အံ့ဖွယ်ဖြစ်ရပ်နဲ့အတူ နာမည်ကြီးလာတဲ့ Dream Animals အဖွဲ့က ဘီစကစ်အိုင်ဒေါလေးတွေဖြစ်ကြပါတယ်။ Dream Animals အဖွဲ့ဟာ ကမ္ဘာအနှံ့ တစ်နှစ်ပတ်လုံး လှည့်လည်ဖျော်ဖြေနေရပြီး သူတို့ဇာတိ မုန့်ကမ္ဘာကို တစ်နှစ်အကြာမှာ လေယာဉ်နဲ့ ပြန်လာခဲ့ကြပါတယ်။ လိုင်းယွန်းဟာ တောဘုရင်ဆိုတဲ့ အဓိပ္ပာယ်နဲ့ Dream Animals ရဲ့ခေါင်းဆောင်ပါ၊ ဒါပေမဲ့ လိုင်းယွန်းကို မကျေမနပ်နဲ့ အားမရနေသူရှိနေပြီး သူကတော့ ပယ်ဂါဆပ်စ်ဖြစ်ပါတယ်။  သူတို့တွေ ခေါင်းဆောင်နေရာအတွက် စကားများနေကြချိန် သူတို့လေယာဉ်ကို အာတာပူစီတွေ လာကပ်လာတဲ့အတွက် ဆက်လက် မပျံသန်းနိုင်တော့ဘဲ ကြုံရာနေရာမှာပဲ အရေးပေါ်ဆင်းသက်လိုက်ရပါတော့တယ်။ Dream Animals အိုင်ဒေါလေးတွေရဲ့ မျှော်လင့်ချက်အပြည့်နဲ့ အိမ်ပြန်ခရီးလမ်းမှာ ဘယ်လိုစွန့်စားခန်းတွေ ကြုံရမလဲဆိုတာ ရှုစားလိုက်ကြရအောင်ပါ...