မိဘနှစ်ပါးဖြစ်တဲ့ ကွယ်လွန်သွားပြီးနောက်မှာ သူတို့ရဲ့ သားသမီး ၃ ယောက်ဖြစ်တဲ့ Tarida ၊ Ramona နဲ့ Togar တို့ဟာ တိုဘာအရပ်က သူတို့မိသားစုပိုင် ပစ်ထားတဲ့ဟိုတယ်ဟောင်းလေးတစ်ခုကို အမွေဆက်ခံဖို့ ပြန်လည်ဆုံတွေ့ကြရပါတယ်။ဂျကာတာမှာ အလုပ်လုပ်နေတဲ့ Togar ဟာ ဟိုတယ်ကို ပြန်လည်ပြုပြင်ဖို့ ကြိုးစားပေမဲ့၊ တစ်ဖက်မှာလည်း သူတို့မိဘတွေဆီမှာ အကြွေးရစရာရှိတယ်လို့ ဆိုလာတဲ့ Linda ဆိုတဲ့အမျိုးသမီးတစ်ယောက်ကြောင့် ပြဿနာတွေ စတက်ပါတော့တယ်။ ဒီကြားထဲမှာ မောင်နှမ ၃ ယောက်ကြားက အမြင်မတူမှုတွေ၊ ရန်ပွဲတွေနဲ့အတူ Togar ရဲ့ အချစ်ဟောင်းနဲ့ ပြန်ဆုံတဲ့ဇာတ်လမ်းတွေက ဇာတ်အိမ်ကို ပိုပြီး စိတ်လှုပ်ရှားဖို့ကောင်းစေပါတယ်။နောက်ဆုံးမှာတော့ သူတို့ရဲ့ "အမ" (Mamak) ချန်ထားရစ်ခဲ့တဲ့ နောက်ဆုံးသေတမ်းစာ (Wasiat) ထဲက လျှို့ဝှက်ချက်က ဘာဖြစ်မလဲဆိုတာကို ကြည့်ရှုရမဲ့အင်ဒိုနီးရှားဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။