Everybody Love Sohrab Handa (2026) တရားခံဘယ်သူလဲအသစ်ထွက် လူသ-တ်ပဟေဠိရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ရာမန်နဲ့ ဂျာယန်တီဆိုတဲ့ လင်မယားနှစ်ယောက်ဟာ သူတို့ရဲ့ အိမ်ထောင်သက် ၁၀ နှစ်ပွဲလုပ်ဖို့အတွက် ငယ်သူငယ်ချင်းတွေကို စံအိမ်ကြီးတစ်ခုကို ဖိတ်လိုက်ကြပါတယ်။ အစပိုင်းမှာတော့ အဲဒီစံအိမ်ကြီးမှာ ငယ်သူငယ်ချင်းတွေစုပြီး စားကြ၊ သောက်ကြ၊ ဂိမ်းတွေဆော့ကြနဲ့ ပျော်ရွှင်စရာကောင်းပေမဲ့ တဖြည်းဖြည်းနဲ့ ငယ်ဘဝက မကြေလည်မှုတွေ၊လက်ရှိဘဝကွာခြားချက်တွေကြောင့် အချင်းချင်းတွေကြားမှာ ပြဿနာတွေဖြစ်လာပါတယ်။နောက်တနေ့မနက်ရောက်တဲ့အခါ သူတို့အဖွဲ့ထဲက အားလုံးနဲ့ မတည့်တဲ့ ဟန်ဒါဆိုတဲ့လူကိုေသဆုံးလျှက်သားတွေ့လိုက်ရတဲ့အခါမှာတော့...။တရားခံက ဘယ်သူလဲ၊ ဘာလို့ ဒီလိုတွေဖြစ်သွားတာလဲဆိုတာတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။