Estimados señores HD

Estimados señores

Drama History HD 2024-11-28 6.4 98 Min

ကိုလံဘီယာ သရုပ်ဆောင်၊ ဇာတ်ညွှန်းရေးဆရာနဲ့ စာရေးဆရာမဖြစ်သူ Patricia Castañeda ရဲ့ ပွဲဦးထွက် ဒါရိုက်တာအဖြစ်နဲ့ ရိုက်ကူးထား တဲ့ဇာတ်ကားဖြစ်ပြီး‌ တော့ ကိုလံဘီယာနိုင်ငံရဲ့အမျိုးသမီးမဲပေးခွင့် လှုပ်ရှားမှုအကြောင်းကို ပီပီပြင်ပြင် ရုပ်လုံးဖော်ထားပါတယ်။၁၉၅၄ ခုနှစ်မှာ အမျိုးသမီးတစ်စုဟာ ကိုလံဘီယာ အမျိုးသားလွှတ်တော်မှာအမျိုးသမီးတွေ မဲပေးခွင့်ရရှိဖို့တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့ဟာ လမ်းပေါ်ထွက် ဆန္ဒပြတာတွေ ရေဒီယိုကနေ ဟောပြောတာတွေအပြင် သတင်းစာမျက်နှာဖုံးတွေမှာ သူတို့အကြောင်း ပါလာအောင် ဖန်တီးနိုင်တဲ့ထက်မြက်တဲ့ မီဒီယာဗျူဟာတွေကို အသုံးပြုပြီး ရည်မှန်းချက်အောင်မြင်အောင် ကြိုးပမ်းခဲ့ကြပါတယ်။ နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးရှေ့နေတွေထဲက တစ်ဦးဖြစ်တဲ့ Esmeralda Arboleda  နဲ့အခြားသော အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူတွေဟာ အတိုက်အခံတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုတွေကိုပြင်းပြင်းထန်ထန် ခံခဲ့ရပါတယ်။ဒါပေမဲ့ သူတို့ရဲ့ မလျှော့သော ဇွဲလုံ့လကနောက်ဆုံးမှာ သူတို့လိုချင်တဲ့ ပန်းတိုင်ဆီကိုအရောက်လှမ်းနိုင်ပါ့မလားဆိုတာကို........။