Alpha. HD

Alpha.

Drama HD 2025-02-13 6.2 100 Min

အေးစက်တဲ့ရေခဲတောင်တန်းကြီးတွေပေါ်မှာ Adventure ဆန်ဆန်ရိုက်ကူးထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ ထူးခြားချက်ကတော့တကယ့်ပြင်ပလောကမှာလည်း သားအဖအရင်းအချာတွေဖြစ်ကြတဲ့ Reinout Scholten van Aschat နဲ့ Gijs Scholten van Aschat တို့က သားအဖအဖြစ် အားပြိုင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းကတော့ အယ်လ်ပ်တောင်တန်း (Alps) ပေါ်မှာ နှင်းလျှောစီး သင်တန်းဆရာအဖြစ် အလုပ်လုပ်နေတဲ့ Rein အကြောင်းပါ။ တစ်နေ့မှာတော့ နယ်သာလန်ကနေ သူ့ရဲ့ဖခင်ဖြစ်သူ Gijsက သူ့ဆီ အလည်ရောက်လာပါတယ်။သားအဖနှစ်ယောက်ဟာ အေးခဲနေတဲ့ တောင်တန်းကြီးတွေထဲကို အတူတူ ထွက်ခွာခဲ့ကြပေမဲ့... သူတို့ကြားမှာ အမြဲတမ်းရှိနေခဲ့တဲ့ စိတ်ဝမ်းကွဲမှုတွေ၊ အားပြိုင်မှုတွေက တဖြည်းဖြည်းပေါ်ပေါက်လာပါတယ်။ ဒါပေမဲ့ သဘာဝတရားကြီးက သူတို့ကို စိန်ခေါ်လာတဲ့အခါမှာတော့ သူတို့ဟာ တစ်ဦးနဲ့တစ်ဦး အားကိုးပြီး ရှင်သန်နိုင်ဖို့ ကြိုးစားကြရပါတော့တယ်။ "Alpha" (အုပ်စုတစ်ခုရဲ့ ခေါင်းဆောင်) ဆိုတဲ့ အဓိပ္ပာယ်အတိုင်း ဘယ်သူက တကယ်ဦးဆောင်နိုင်မလဲဆိုတာကို ရိုက်ပြထားပြီး သားအဖေ ၂ ယောက်ကြားက မြိုသိပ်ထားတဲ့တင်းမာမှုခံစားချက်တွေပါ ပေါက်ထွက်လာတဲ့အခါ ဒီခရီးစဉ်က သူတို့အတွက် စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေနဲ့ အပြည့်ဖြစ်နေပါတော့တယ်။