Secrets & Lies HD

Secrets & Lies

Drama HD 1996-05-24 7.575 142 Min

ဒါရိုက်တာ Mike Leigh ရဲ့ အကောင်းဆုံး လက်ရာမွန်ဖြစ်သလို ၁၉၉၆ ခုနှစ် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or ကို ဆွတ်ခူးခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ Family Dramaကောင်းကောင်းတွေကို နှစ်သက်သူတွေအတွက် "Must-Watch" စာရင်းထဲမှာ ပါဝင်တဲ့ ဂန္ထဝင်လက်ရာတစ်ခုပါ။လန်ဒန်မြို့မှာ နေထိုင်တဲ့ Hortense  ဆိုတဲ့ လူမည်းအမျိုးသမီး ရှေ့နေလေးဟာ သူမရဲ့ မွေးမိခင်အရင်းကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူမ ရှာဖွေတွေ့ရှိသွားတဲ့ အမှန်တရားကတော့ သူမရဲ့မိခင်အရင်းဟာ ဆင်းရဲနွမ်းပါးပြီး ဘဝကို ရုန်းကန်နေရတဲ့ လူဖြူအမျိုးသမီး Cynthia ဖြစ်နေတာပါပဲ။Hortense က Cynthia ဆီကို ရုတ်တရက်ရောက်ရှိလာတဲ့အခါမှာတော့ Cynthia ရဲ့ မိသားစုဝင်တွေကြားမှာ နှစ်ပေါင်းများစွာ ဖုံးကွယ်ထားခဲ့တဲ့ လျှို့ဝှက်ချက်တွေ၊ နာကျည်းမှုတွေနဲ့အထင်လွဲစရာတွေတွေဟာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ မိသားစု စားပွဲဝိုင်းတစ်ခုမှာ အားလုံးရဲ့ လျှို့ဝှက်ချက်တွေ ပေါက်ကွဲထွက်လာတဲ့ အခန်းဟာ ရုပ်ရှင်သမိုင်းမှာ အကောင်းဆုံး အခန်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတဲ့ ဒရမ်မာစစ်စစ်ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်။