မက်တီယိုဆိုတဲ့ကောင်လေးတစ်ယောက်ဟာ ကိုဗစ်ကာလဖြစ်စဉ်မှာ အမေဖြစ်သူကိုဆုံးရှုံးခဲ့ရသူပါ။ သူ့အမေဟာ ဖြစ်ချင်တော့ အရမ်းရောဂါကြောက်တတ်သူဖြစ်ပြီး ကိုဗစ်ကာလမှာ အိမ်က ယောက်ျားနဲ့သားဖြစ်သူကို အမြဲတမ်း အတင်းအကြပ် လုံလုံခြုံခြုံနေထိုင်ခိုင်းပြီး ကိုယ်တိုင်ကလည်းတစ်ခုခုဆို ကယောင်ချောက်ချားဖြစ်တတ်သူပါ။ ဒါပေမဲ့ တစ်နေ့မှာ သူ့အမေဟာ အပြင်မှာ ကိုဗစ်ရောဂါအဖြစ်ပြင်းထန်လာတဲ့အခါမှာ စိတ်ထဲမငြိမ်မသက်ဖြစ်ပြီး အနံ့ပျောက်သလို အရသာမခံမိသလိုခံစားရပြီး စိတ္တဇဖြစ်ကာ ကိုယ့်ကိုကိုယ်သတ်သေသွားပါတယ်။ ဒါကို မျက်မြင်ကိုယ်တွေ့ဖြစ်ခဲ့ရတဲ့ မက်တီယိုဟာ မိခင်မရှိတော့တဲ့နောက်ပိုင်း အရမ်းစိတ်ဓာတ်ကျသွားပြီး ဘဝကြီးကိုနေချင်သလိုနေဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ တစ်နေ့ ကောင်မလေးတစ်ယောက်နဲ့တွေ့သွားပြီး ဘဝမှာအသက်ရှင်ဖို့အတွက် ရည်ရွယ်ချက်တစ်ခုကို ပြန်တွေ့သွားတဲ့အခါမှာတော့ လမ်းပျောက်နေတဲ့ ဘဝကြီးကိုပြန်တည့်မတ်ဖို့ကြိုးစားပါတော့တယ်။