Eat Pray Bark HD

Eat Pray Bark

Comedy HD 2026-04-01 5.81 91 Min

ခွေးချစ်သူတွေနဲ့ မိသားစုတွေအကြိုက် တွေ့စေမယ့် ဂျာမန် Comedy ကားကောင်းတစ်ကားဖြစ်ပါတယ်။ ခွေးတစ်ကောင်ကို ထိန်းကျောင်းပြုပြင်ပေးရင်း လူကိုယ်တိုင်ပါပြောင်းလဲသွားစေတယ်ဆိုတဲ့ သဘောကို ဖော်ပြထားပါတယ်။ဇာတ်လမ်းမှာတော့ စရိုက်ကိုယ်စီရှိကြတဲ့ ခွေးပိုင်ရှင် ၅ ယောက်အကြောင်းကို တွေ့ရမှာပါ။ သူတို့ရဲ့ ခွေးလေးတွေဟာ ထိန်းရခက်လွန်းလို့ အားလုံးက လက်လျှော့ထားကြသူတွေပါ။သူတို့အတွက် နောက်ဆုံးမျှော်လင့်ချက်ကတော့ တိုင်ရိုးတောင်တန်းပေါ်မှာရှိတဲ့ ဝါရင့်ခွေးလေ့ကျင့်ရေးဆရာကြီးဆီမှာ သင်တန်းတက်ဖို့ပါပဲ။လှပတဲ့ တောင်တန်းကြီးတွေပေါ်မှာ ခွေးလေးတွေကို စနစ်တကျ လေ့ကျင့်ပေးရင်းနဲ့ ခွေးပိုင်ရှင် ၅ ယောက်ဟာလည်း သူတို့ရဲ့ ကိုယ်ပိုင်ပြဿနာတွေ၊အားနည်းချက်တွေကိုပြန်လည်သုံးသပ်မိလာပြီး ခွေးလေးတွေနဲ့ရော၊ ပတ်ဝန်းကျင်နဲ့ပါ ဘယ်လိုမျိုး သဟဇာတဖြစ်အောင် နေထိုင်ရမလဲဆိုတာကို သင်ယူသွားကြပုံကို ရယ်မောစရာအလွဲအချော်လေးတွေနဲ့မြင်တွေ့ရမယ့် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။