Africa Blanca HD

Africa Blanca

Drama HD 2025-11-07 8.3 109 Min

အူစမန်ဆိုတဲ့ အာဖရိကန်လူငယ်လေးတစ်ယောက်ဟာ အာဖရိကန်လူမျိုးစစ်ပေမယ့် မွေးလာကတည်းက ထူးဆန်းတဲ့အရေပြားအခြေအနေတစ်ခုနဲ့မွေးလာရပြီး တစ်ကိုယ်လုံးဟာ အာဖရိကန်လို့မထင်ရအောင် ဖြူဖွေးနေတဲ့ အသားအရေဖြစ်နေခဲ့ပါတယ်။ ဒါ့အပြင်အူစမန်တို့နေတဲ့နားမှာလည်း အဲဒီလို တမူထူးခြားတဲ့သူတွေကို နတ်တွေဆီယဇ်ပူဇော်လေ့ရှိတဲ့ အစွန်းရောက်ဂိုဏ်းကွဲတစ်ခုကလည်းရှိနေတာပါ။ဒါကြောင့်မလို့ အူစမန်ဟာအမြဲတမ်းပုန်းနေရပြီး ဘယ်တော့မှလူတောတိုးခွင့်မရပါဘူး။ ဒါပေမဲ့ တစ်နေ့ အူစမန်အရွယ်ရောက်တဲ့အခါမှာ အမေဖြစ်သူစကားနားမထောင်ဘဲ မြို့ပြင်ထွက်မိတဲ့အချိန် အစွန်းရောက်တွေဟာ သူမြို့ထဲမှာနေနေမှန်း သိသွားတဲ့အခါ အူစမန်ကိုလိုက်ဖမ်းဖို့ကြိုးစားပါတော့တယ်။ သားဖြစ်သူ မွေးလာကတည်းက ချို့ယွင်းချက်ကြောင့် မျက်စိဒေါက်ထောက်နေခဲ့တဲ့ မိခင်ဖြစ်သူဟာ ဒီအကြောင်းကို သိသွားတဲ့အခါမှာတော့ သားအမိနှစ်ယောက် ရွာထဲကနေထွက်ပြေးပြီးမွေးရပ်မြေကို အပြီးအပိုင်စွန့်ခွာကွာ ရပ်မြေခြားနေရာတစ်ခုကို ထွက်ခွာဖို့ဖြစ်လာပါတော့တယ်။