Black Men Don't Cheat 3: Outplayed HD

Black Men Don't Cheat 3: Outplayed

Drama HD 2026-01-04 8.3 94 Min

မာတယ်ဆိုတဲ့ လူမည်းအမျိုးသားတစ်ယောက်ဟာ မြို့ခံဂိုဏ်တစ်ဂိုဏ်းက ဂိုဏ်းဝင်တစ်ယောက်ဖြစ်ပေမယ့် အမြဲတမ်းဘဝကိုအကောင်းဆုံးနေထိုင်ဖို့ ကြိုးစားနေတဲ့သူပါ။ သူ့ရဲ့ ညီအစ်ကိုတွေနဲ့ အမြဲတမ်းအဆင်ပြေအောင်နေပြီး ပြဿနာတစ်ခုခုဖြစ်လာရင်တောင်မှ ကြားဝင်ဖြေရှင်းပေး သူပဲအနစ်နာခံဖို့ ရှေ့ဆုံးထွက်ခဲ့သူပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ အပြိုင်ဂိုဏ်းတစ်ခုရဲ့ နေရာခွဲတစ်ခုရဲ့ နေရာဟောင်းမှာ လက်ကျန်ပစ္စည်းတွေကိုသွားခိုးတဲ့အချိန်မှာ ကမီလာဆိုတဲ့အမျိုးသမီးနဲ့တွေ့ခဲ့ရပါတယ်။ စစပိုင်းမှာတော့ ကမီလာဟာ မာတယ်ကိုတကယ်ချစ်ချင်ယောင်ဆောင်ပေမယ့် သူကိုယ်တိုင်ဟာ မာတယ်ရဲ့ ဆန့်ကျင်ဘက်ဂိုဏ်းအဖွဲ့ဝင်ဟောင်းတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အရင်ဂိုဏ်းကပိုင်ဆိုင်မှုတွေကို လက်ဝယ်ရယူဖို့အတွက် မာတယ်ကို သူ့လူတွေနဲ့ သွေးကွဲအောင်လုပ်ပြီး တဖြည်းဖြည်းချင်းသွေးဆောင်လာပါတော့တယ်။