အက်ဘီတစ်ယောက် မိဘတွေပိုင်ခဲ့တဲ့ ရှေးဟောင်းအိမ်နဲ့ခြံကြီးကို အမွေရရှိကြောင်း အကြောင်းကြားစာရခဲ့တော့ ပြန်မွမ်းမံပြီးရောင်းချဖို့အတွက် အိမ်ကိုအလည်တစ်ခေါက်သွားဖို့အကြောင်းဖန်လာခဲ့တယ် မြို့ကိုရောက်တော့စားသောက်ဆိုင်ကိုဝင် အိမ်နေရာကိုမေးလိုက်တာနဲ့ ဆိုင်ထဲကလူတွေရဲ့ အမူအရာတွေ ပြောင်းလဲကုန်တာ သတိထားမိခဲ့တယ် ဒါပေမဲ့လည်းအကြောင်းရင်းမသိဘဲ အိမ်ကိုရောက်လာခဲ့တယ်ပေါ့ ဒီအိမ်ရဲ့ထူးဆန်းတာတွေက ကင်မရာတစ်လုံးကနေ စခဲ့တယ်ဆိုရမယ် ကင်မရာကနေ ဖမ်းယူထားတဲ့ မိဘတွေရဲ့ပုံရိပ်တိပ်ခွေတွေကိုပြန်ကြည့်ရင်း တစ်ညကုန်ဆုံးခဲ့ပေမဲ့ အကြောင်းအရင်း ရေရေရာရာပြောလို့မရတာတွေက တစ်ခု နှစ်ခုမကခဲ့။ ဒီထူးဆန်းမှုတွေကို သဲလွန်စရှာဖို့စုံစမ်းရင်း ဒီအိမ်က တစ်ချိန်တုန်းကစိတ်ဝေဒနာရှင်တွေအတွက် နားခိုရာဖြစ်ခဲ့ဖူးပြီး လူ ၁၃ ယောက် ကြောက်မက်ဖွယ်ရာ အသ-တ်ခံရဖူးကြောင်း သိလိုက်ရတဲ့နေ့မှာတော့....။