The Fourth Protocol HD

The Fourth Protocol

Action Thriller HD 1987-03-20 6.3 119 Min

ဆိုဗီယက်ယူနီယံဘက်က အထက်တန်းအရာရှိတစ်ဦးဟာ အနောက်နိုင်ငံတွေကို နိုင်ငံရေးအရ ထိခိုက်စေဖို့ လျှို့ဝှက်စီမံချက်တစ်ခုကို အကောင်အထည်ဖော်ဖို့ စီစဉ်ထားတာပါ... ဒီစီမံချက်မှာအရေးကြီးဆုံးကတော့ ဗြိတိန်နိုင်ငံအတွင်းမှာ နျူကလီးယားဗုံးတစ်လုံးကို လျှို့ဝှက်စွာ ထည့်သွင်းတည်ဆောက်ပြီး ပေါက်ကွဲစေကာ နိုင်ငံရေးအပြောင်းအလဲတွေ ဖြစ်ပေါ်လာစေဖို့ပါပဲ.....အဲဒီတာဝန်ကို ဆိုဗီယက်အေးဂျင့်တစ်ဦးဖြစ်တဲ့ "ပက်ထရော့စကီး" ကို ဗြိတိန်နိုင်ငံကို လျှို့ဝှက်ပို့ဆောင်လိုက်ပါတယ်သူဟာ လျှို့ဝှက်နည်းလမ်းတွေနဲ့ နျူကလီးယားပစ္စည်းအစိတ်အပိုင်းတွေကို သွင်းယူပြီး ဗုံးတည်ဆောက်ဖို့ ကြိုးစားနေခဲ့ပါတယ်တစ်ဖက်မှာတော့ ဗြိတိန်အင်တယ်လီဂျင်စ်အဖွဲ့မှ အေးဂျင့်တစ်ဦးဖြစ်တဲ့ "ပရက်စတန်" ဟာ ထူးခြားတဲ့ သတင်းအချက်အလက်တွေကို စုဆောင်းရင်း ဒီလျှိ့ဝှက်စီမံချက်ကိုသံသယဖြစ်လာပါတယ် အထက်အရာရှိတွေက မယုံကြည်သေးပေမယ့် "ပရက်စတန်"က သူ့အနေနဲ့ သက်သေတွေကို ရှာဖွေပြီး အမှန်တရားကို ဖော်ထုတ်ဖို့ ဆက်လက်ကြိုးစားပါတော့တယ် "ပရက်စတန် " ဟာ "ပက်ထရော့စကီး" ရဲ့ စီမံချက်ကို ရှာဖွေတွေ့ရှိပြီး နျူကလီးယားပေါက်ကွဲမှုကို တားဆီးနိုင်မလားဆိုတာကိုတော့... စိတ်လှုပ်ရှားစွာကြည့်ရှုရမှာဖြစ်ပါတယ်တစ်ချိန်ထဲမှာပဲ James Bond​ ဖြစ်လာမယ့် မင်းသားကြီး Pierce Brosnan ရဲ့ငယ်ဘဝသရုပ်ဆောင်မှုတွေကိုကြည့်ရမှာပါ