အရင်က ရှေ့နေဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ အချိန်ပိုင်း artist ဖြစ်တဲ့ lustin က သူ့မိန်းမ အလုပ်သွားနေတုန်း မွေးခါစ ကလေးလေးကို ထိန်းပေးရတဲ့ အိမ်မှာနေ ဖခင်တစ်ယောက်ဖြစ်တယ်။ ပြီးတော့ ကလေးကို နာမည်ပေးပွဲ ကျင်းပဖို ပိုက်ဆံကလည်း မရှိတဲ့အချိန် မတည့်တဲ့ ယောက္ခမတွေနဲ့ အဆင်ပြေအောင်ဟန်ဆောင်ရ ၊ နာမည်ပေးပွဲအတွက် ပိုက်ဆံရှာရ၊ ကလေးကိုလည်းထိန်းရနဲ့ ပျာယာခတ်ပြီး ရှုပ်ထွေးတဲ့ ဖခင်တစ်ယောက်ရဲ့ဘဝကို ဟာသနှော ရိုက်ကူးထားတာပဲဖြစ်ပါတယ်။