Family Portraits သို့မဟုတ် Family Portraits: A Trilogy of America ဟာ ဒါရိုက်တာ Douglas Buck ရဲ့ Independent horror စုစည်းမှုတစ်ခုဖြစ်ပါတယ်။ ဒီ Trilogy မှာ ၁၉၉၇ ကနေ၂၀၀၃ အထိရိုက်ကူးခဲ့တဲ့ဇာတ်လမ်းတိုသုံးခုပါဝင်ပါတယ်။ Cutting Moments (1997)အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ ဇနီးမောင်နှံနှစ်ဦး၊ ခင်ပွန်းဖြစ်သူရဲ့အာရုံစိုက်မှုကိုရဖို့ ကိုယ့်ကိုယ်ကိုအစွန်းရောက်နည်းလမ်းတွေနဲ့ညှင်းဆဲတဲ့ဇနီးသည်တို့ရဲ့ဇာတ်လမ်းပါ။Home (1998)နှိပ်စက်တတ်တဲ့ဖခင်ဖြစ်သူရဲ့သားကောင်အဖြစ်အရွယ်ရောက်လာခဲ့တဲ့ သားတစ်ယောက်၊ သူ့ရဲ့ငယ်ဘ၀ဒဏ်ရာတွေကိုကိုယ့်ကိုယ်ကိုခါးပတ်နဲ့ရိုက်ပြီးထွက်ပေါက်ရှာတတ်တဲ့လူငယ်တစ်ယောက်အိမ်ထောင်တစ်ခုကိုကိုယ်တိုင်ဦးဆောင်ရချိန်မှာ ဘယ်လိုလူစားမျိုးဖြစ်လာခဲ့လဲဆိုတဲ့အကြောင်း။Prologue (2003)၁၇ နှစ်အရွယ်ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ရက်စက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတစ်ခုရဲ့သားကောင်ဖြစ်ပြီးတဲ့နောက်သူ့ရဲ့နောက်ဆက်တွဲဒဏ်ရာတွေနဲ့ပြန်လည်ရင်ဆိုင်ရပုံတွေ။ဒီဇာတ်လမ်းတွေဟာ ဇာတ်ကောင်နဲ့ဇာတ်လမ်းချင်းတိုက်ရိုက်မပတ်သက်ပေမယ့် အမေရိကန်အိမ်ထောင်စုတွေရဲ့ကန့်လန့်ကာနောက်ကွယ်က ငရဲခန်းဆိုတဲ့ Themeတစ်ခုနဲ့ပဲချိတ်ဆက်ထားတာပါ။ ရက်စက်ကြမ်းကြုတ်လွန်းတယ်လို့ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဝေဖန်ရေးသမားတွေကတော့လက်ရာမြောက်တဲ့အနုပညာတစ်ခုအဖြစ်ချီးကျူးကြပါတယ်။တကယ်လည်း ကြည့်ရှုရခက်ခဲပြီး စိတ်ထိခိုက်စရာ ပြကွက်နဲ့အကြောင်းအရာတွေ ပါဝင်ကြောင်းသတိပေးပါရစေ။