Herman HD

Herman

Fantasy Horror Thriller HD 2025-12-02 7.5 83 Min

ဟာမန်း ဟာ တောအုပ်ကြီးတစ်ခုထဲက အိမ်အိုကြီးတစ်လုံးမှာ တစ်ယောက်တည်းနေထိုင်သူပါ။ အတိတ်ဖြစ်ရပ်ဆိုးတွေ၊ နောင်တတွေအပြင် တောအုပ်ထဲက အမှောင်ထု တစ်စုံတစ်ရာကလည်း သူ့ကိုအဆက်မပြတ်ခြောက်လှန့်နေပါတယ်။မိုးသက်မုန်တိုင်းတွေအသည်းအသန် ကျရောက်တဲ့ ညတစ်ညမှာတော့ မနီးမဝေးဘုရားကျောင်းတစ်ခုက လျှပ်စစ်ဓာတ်အားပြတ်တောက်သွားတဲ့အတွက် အဲ့ဒီကျောင်းကသီလရှင်နှစ်ပါးဟာနွေးထွေးတဲ့ခိုလှုံရာအဖြစ် သူ့အိမ်ကိုရောက်လာခဲ့ပါတယ်။ ဟာမန်းဟာ လက်မခံချင်ပေမယ့်လည်း မဖြစ်မနေလက်ခံလိုက်ရတဲ့အတွက် သီလရှင်တွေနဲ့ ခပ်ကင်းကင်းသာနေပါတယ်။ ဒါပေမယ့် သီလရှင်နှစ်ပါးထဲက သက်ကြီးတစ်ပါးဟာ သူ့ကိုခြောက်လှန့်နေတဲ့ အမှောင်ထုအကြောင်း သိထားတဲ့ပုံပေါ်နေပြီး ညနက်လာတာနဲ့အမျှ မဖိတ်ခေါ်တဲ့ဧည့်သည်တွေတစ်ယောက်ပြီးတစ်ယောက်ထပ်ရောက်လာချိန်မှာတော့..။အေးစိမ့်ပြီး မှောင်မိုက်နေတဲ့ မုန်တိုင်းညတစ်ညမှာ ဆုံဖြစ်ကြတဲ့ သူစိမ်း ငါးယောက်၊ သူတို့အချင်းချင်းကြားမှာ ဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ?အပြင်မှာ သူတို့ကိုအန္တရာယ်ပေးဖို့ချောင်းမြောင်းနေတဲ့ အမှောင်ထု ဆိုတာကရော ဘယ်လိုအရာဖြစ်မလဲ? ပဟေဠိတွေအတိနဲ့ ဆက်လက်ရှုစားရမယ့် Psychological Thriller ကားတစ်ကားဖြစ်ပါတယ်။