The President's Cake HD

The President's Cake

Drama HD 2025-12-26 7.6 105 Min

ဒီရုပ်ရှင်လေးကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေတုန်းက ဆဒ္ဒမ်ဟူစိန် အုပ်ချုပ်နေတဲ့ အီရတ်နိုင်ငံကို နောက်ခံထားပြီး ရိုက်ကူးထားတာပါ။ အဲဒီအချိန်က အီရတ်နိုင်ငံဟာ နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ပြည်သူတွေ အတော်လေးကို ကျပ်တည်းနေခဲ့ကြတယ်။ ဆေးဝါးတွေ၊ အစားအသောက်တွေ အကုန်ရှားပါးနေတဲ့ အချိန်ပေါ့။ ဒါပေမဲ့ အဲဒီလိုကျပ်တည်းနေတဲ့ကြားကနေ နိုင်ငံသားတိုင်းဟာ သမ္မတကြီးရဲ့ မွေးနေ့ကို မဖြစ်မနေ ကျင်းပပေးရမယ်ဆိုတဲ့ အမိန့်တစ်ခု ရှိနေတယ်။ မလုပ်ရင်လည်း အပြစ်ပေးခံရမှာလေ။ဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်လေးကတော့ အသက် ၉ နှစ်အရွယ် လာမီယာ လို့ခေါ်တဲ့ ကောင်မလေးပါ။ တစ်နေ့တော့ ကျောင်းမှာ သမ္မတကြီးအတွက် မွေးနေ့ကိတ်ဖုတ်ပေးရမယ့်သူကိုမဲနှိုက်ရွေးချယ်ကြရာကနေ ကံဆိုးချင်တော့ လာမီယာလေး မဲပေါက်သွားပါလေရော။ ကိတ်မုန့်ဖုတ်ဖို့ဆိုတာ ဂျုံ၊ သကြား၊ ကြက်ဥ စတာတွေ လိုတာပေါ့။ ဒါပေမဲ့ အဲဒီအချိန်က အဲဒါတွေကငွေရှိရင်တောင် အလွယ်တကူရဖို့ တော်တော်လေးကို ခက်ခဲနေတဲ့အရာတွေ ဖြစ်နေတယ်။ဒါနဲ့ပဲ လာမီယာလေးဟာ သူ့အဖွား၊ နောက်ပြီး သူ့သူငယ်ချင်းတို့နဲ့အတူ သမ္မတကြီးရဲ့ ကိတ်မုန့်ဖုတ်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေရအောင် ရေတိမ်ဒေသတွေကနေ မြို့ပေါ်က လူစည်ကားတဲ့ဈေးတွေထဲအထိ လိုက်ရှာရတဲ့ စွန့်စားခန်းလေး စတင်ပါတော့တယ်။ဒီကားလေးက ကလေးတစ်ယောက်ရဲ့ ဖြူစင်တဲ့ အမြင်ကနေတစ်ဆင့် အာဏာရှင်စနစ်ရဲ့ အဓိပ္ပာယ်မဲ့တဲ့ လုပ်ရပ်တွေ၊ ခက်ခဲကျပ်တည်းမှုတွေကြားက ပြည်သူတွေရဲ့ ရုန်းကန်ရမှုတွေကိုရင်နင့်စရာကောင်းအောင်ရော၊ ရင်နာနာနဲ့ ပြုံးမိအောင်ရော ရိုက်ထားတဲ့ ရုပ်ရှင်တစ်ခုပါ။ ကိန်းရုပ်ရှင်ဆုနဲ့ အတန်တကာ့အတန်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားပါပဲ။