Land's End HD

Land's End

Drama HD 2025-06-13 4.5 135 Min

နယူးယောက်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ ရှုခင်းတွေကြားမှာ အနုပညာရှင် လူငယ်သုံးဦးဖြစ်တဲ့ ဟူးဂို၊ အဲလစ်နဲ့ ယွန်းအိုတို့ရဲ့ ဘဝဖြတ်သန်းမှုကို အေးအေးဆေးဆေးနဲ့ရင်ထဲထိရောက်အောင် ပုံဖော်ထားတာဖြစ်ပြီး မိသားစုရဲ့ ဖိအားတွေ၊ ကိုယ်ပိုင်ရုန်းကန်မှုတွေကြားကနေ သူတို့ရဲ့ ဖန်တီးမှုခရီးလမ်းကို ရှေ့ဆက်ပုံတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် မိဘတွေရဲ့ဂရုစိုက်မှုကို မရဘဲ နိုင်ငံရပ်ခြားမှာ တစ်ယောက်တည်း ကောလိပ်လာတက်ရတဲ့ အဲလစ်။ စာရေးဆရာဖြစ်ချင်ပေမဲ့ အမေဖြစ်သူရဲ့အားပေးထောက်ပံ့မှုမရတဲ့ ဟူးဂိုရဲ့ အခက်အခဲတွေကြားဇွဲမလျော့တမ်းကြိုးစားပုံတွေ စန္ဒရားပဲသင်ချင်ပေမဲ့ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် ဆေးကျောင်းတက်ရမဲ့ ယွန်းအို ။အရွယ်ရောက်စ လူငယ်တွေရဲ့ စိတ်ကူးအိပ်မက်နဲ့ လက်တွေ့ဘဝကြားကပွတ်တိုက်မှုတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာမို့ ဇာတ်ကောင်တွေရဲ့ ခံစားချက်နောက်ကို လိုက်ပါစီးမျောရင်း သူတို့နဲ့အတူ လိုက်ပါခံစားကြည့်ရှူလိုက်ပါဦး....