Bewitched FHD

Bewitched

Comedy Fantasy Romance FHD 2005-06-21 5.1 102 Min

ဂျက်ဝိုက်ယက်က ရုပ်ရှင်မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ ရုပ်ရှင်မင်းသားတစ်ယောက်မဟုတ်ပဲ Fail နေတဲ့မင်းသားတစ်ယောက်ဖြစ်ပါတယ်။ ဒီလိုနဲ့သူ့ရဲ့ Career ကိုကယ်တင်ဖို့ Bewitched Remake ရိုက်ဖို့ကမ်းလှမ်းတာကိုလက်ခံခဲ့ပါတယ်။ မင်းသမီးနေရာမှာတော့နာမည်ကြီးကိုထည့်သရုပ်မဆောင်စေချင်ပါဘူး။ဘာလို့လဲဆိုတော့ သူ့ကိုလွှမ်းသွားမှာစိုးလို့ပါ။ ဒီလိုနဲ့ မျက်နှာသစ်တစ်ယောက်ကိုရှာရင်း အစ္စဘယ်လ်ဘီဂလိုးနဲ့တွေ့ခဲ့ပါတယ်။ဘယ်သူမှမသိခဲ့တာက အစ္စဘယ်လ်ဘီဂလိုးကိုယ်တိုင်ကိုက စုန်းမတစ်ယောက်ဖြစ်နေတာပါပဲ။ သူက သာမန်လူတစ်ယောက်လိုနေချင်လို့ဆမန်သာနေရာမှာ သရုပ်ဆောင်ဖို့လက်ခံခဲ့ပါတယ်။ ဒါပေမဲ့လည်း အစ္စဘယ်လ်ဟာ ဂျက်ကိုချစ်မိသွားတာကြောင့် မသုံးဘူးလို့ ဆုံးဖြတ်ထားတဲ့မှော်တွေကိုသုံးလာမိရာကနေဘယ်လိုအလွဲတွေဖြစ်လာမှာလည်းဆိုတာကိုခံစားကြည့်လိုက်ကြပါဦးခင်ဗျာ။အစ္စဘယ်လ်အဖြစ် မင်းသမီးချော Nicole Kidman ဂျက်အဖြစ် မင်းသား Will Ferrell တို့က သရုပ်ဆောင်ထားပါတယ်။