Honeymoon HD

Honeymoon

Horror Science Fiction HD 2014-09-12 5.42 88 Min

ယူကရိန်း-ရုရှားစစ်ပွဲထဲက အဖြစ်အပျက်ကိုရိုက်ပြထားတဲ့ War Drama ကားတစ်ကားပါ။ ဒီဇာတ်ကားဟာ သာမန်ဟန်းနီးမွန်းခရီးစဉ်မျိုး မဟုတ်ဘဲ စစ်ပွဲရဲ့ အရိပ်အောက်မှာ ပိတ်မိနေတဲ့စုံတွဲတစ်တွဲရဲ့ ရှင်သန်မှုကို ရိုက်ပြထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းကတော့  အိမ်ထောင်ကျခါစ စုံတွဲလေး Taras  နဲ့ Olha တို့အကြောင်းပါ။ သူတို့ဟာ မြို့ပြင်က တိုက်ခန်းအသစ်လေးမှာသူတို့ရဲ့ ပျော်ရွှင်စရာ ဘဝသစ်ကို စတင်ဖို့ပြင်ဆင်နေကြတာပါ။ ဒါပေမဲ့ သူတို့မမျှော်လင့်ဘဲ ရုရှား-ယူကရိန်း စစ်ပွဲ စတင်လာပြီး သူတို့နေထိုင်ရာ ဒေသဟာ ရန်သူ့တပ်တွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရပါတယ်။အပြင်မှာ ဗုံးသံတွေ၊ သေနတ်သံတွေ ဆူညံနေပြီး ဘယ်ကိုမှ ထွက်ပြေးလို့မရတဲ့ အခြေအနေမှာ သူတို့ဇနီးမောင်နှံဟာ ကိုယ့်အိမ်ထဲမှာကိုယ် ပိတ်မိနေပါတော့တယ်။ လျှပ်စစ်မီးမရှိ၊ ရေမရှိ၊ အစားအစာ ပြတ်လပ်နေတဲ့ စစ်ဘေးဒုက္ခတွေထဲမှာ သူတို့နှစ်ယောက်ဟာ ကြောက်ရွံ့မှု၊ မျှော်လင့်ချက်ကင်းမဲ့မှုတွေကို ရင်ဆိုင်ရင်းနဲ့ တစ်ယောက်ကိုတစ်ယောက်ဘယ်လောက်အထိ ချစ်သလဲ၊ ဘယ်လိုမျိုး အားပေးကူညီမလဲဆိုတာကို ရင်နင့်စရာ ပုံဖော်ထားတဲ့ ဒရမ်မာကားကောင်းလေးဖြစ်ပါတယ်။