House of Hummingbird HD

House of Hummingbird

Drama HD 2019-08-28 7.5 135 Min

အသက် ၁၄ နှစ်အရွယ် အလယ်တန်းကျောင်းသူလေး Kim Eun-hee ဟာ မိသားစုနဲ့ သူငယ်ချင်းတွေကြားမှာ မိမိကိုယ်ကိုယ် အဓိပ္ပာယ် ရှာဖွေနေသူပဲ ဖြစ်ပါတယ်။သူ့ရဲ့ မိသားစုဟာ အလုပ်အရမ်းများပြီး သူ့ကို ဂရုစိုက်တာအရမ်းနည်းပါတယ်။ အဲဒီအပြင် အစ်ကိုဖြစ်သူရဲ့ ရိုက်နှက်မှုနဲ့ အဖေဖြစ်သူရဲ့ စည်းကမ်းတင်းကြပ်မှုတွေကြားမှာ Kim Eun-hee ဟာ အထီးကျန်မှုကို ခံစားနေရပါတယ်။ကျောင်းစာကိုလည်း စိတ်မဝင်စားဘဲ ပုံဆွဲတာကိုပဲ ဝါသနာပါတဲ့ Kim Eun-hee ဟာ သူ့ရဲ့ ချစ်သူကောင်လေး၊ သူငယ်ချင်းတွေနဲ့ ဆက်ဆံရေးမှာလည်း အတက်အကျတွေနဲ့ ရင်ဆိုင်နေသူလေးပါ။အဲဒီလိုဘဝမှာ သူ့အတွက် လမ်းပြကြယ်ဖြစ်လာမယ့် တရုတ်စာသင်ပေးတဲ့ ဆရာမတစ်ယောက်နဲ့ ဆုံစည်းခဲ့ပြီးတော့ သူ့ဘဝအတွက် အလှည့်အပြောင်းတွေ ဖြစ်လာပါတော့တယ် .....Hummingbird ငှက်လေးလိုပဲ သေးငယ်ပေမဲ့ ရှင်သန်ဖို့အတွက်  အတောင်ပံတွေကို အကြိမ်ပေါင်းများစွာခတ်ရင်း Kim Eun-hee လေးတစ်ယောက် ဘဝကို ဘယ်လို ရုန်းကန်ရှင်သန်မလဲဆိုတာကို ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။