တစ်ယောက်နဲ့တစ်ယောက် အဆက်အသွယ်ပြတ်နေတဲ့ ညီအစ်ကိုနှစ်ယောက် (ဒန်နီ နဲ့ လုခ်) ဟာ ခရီးတစ်ခုအတူတူ ထွက်မိကြရာကနေ ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်လောက်တဲ့ လျှို့ဝှက်ချက်ကြီးတစ်ခုကို မတော်တဆ ရှာဖွေမိသွားကြပါတယ်။ သူတို့နှစ်ယောက် ရှာဖွေတွေ့ရှိလိုက်တာကတော့ "Taco Gary’s" ဆိုတဲ့ စားသောက်ဆိုင်ကြီးဟာ တကယ်တော့ ဂြိုဟ်သားတွေရဲ့ လျှို့ဝှက်အခြေစိုက်စခန်း ဖြစ်နေတယ်ဆိုတာပါပဲ....ဇာတ်လမ်းထဲက ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေကို သူတို့ညီအစ်ကိုနှစ်ယောက်နဲ့အတူ လိုက်ရှာကြည့်လိုက်ရအောင်။