Tee က တရုတ်၊ အမေရိကန်ကပြား အိုးလုပ်တဲ့ အနုပညာရှင်ဖြစ်ပြီး သူ့ရဲ့လက်ရာမှာ ကိုယ်ပိုင်လက္ခဏာမပါဘူးလို့ ဝေဖန်ခံရလို့ အခက်တွေ့နေတဲ့သူ တစ်ယောက်ဖြစ်တယ်။ဒါပေမဲ့ သူ့မိသားစုကတစ်ဆင့် သူ့ရဲ့ တရုတ်ရိုးရာအမွေအနှစ်ကို စိတ်ဝင်စားသွားပြီး သူ့ကိုယ်သူ စတင်စူးစမ်းလာခဲ့တယ်။တစ်ချိန်တည်းမှာပဲ သူအလုပ်လုပ်နေတဲ့ ကွန်မြူနတီစင်တာက ပိတ်သိမ်းခံရမယ့် အန္တရာယ်ကြုံလာလို့ သူတို့စင်တာကိုပြန်ရဖို့ ကြိုးစားရင်း လာကူညီပေးတဲ့ အသစ်ရောက်လာတဲ့ လက်သမားWill နဲ့ ရင်းနှီးသွားပြီး မထင်မှတ်ထားတဲ့ အချစ်ဇာတ်လမ်းတစ်ခု ပေါ်ပေါက်လာပါတော့တယ်။